![Soe Ko Ko T Ag Profile](https://pbs.twimg.com/profile_images/1856199496503570435/B8a4AWK0_x96.jpg)
Soe Ko Ko T Ag
@SoeKoKoTAung
Followers
9K
Following
6K
Statuses
7K
Spring Revolution .The rest of the Summer will resonate with success. #WeSupportNUG #WeSupportPeopleDefenceForce @NUGMyanmar #WeSupportUKyawMoeTun
Global
Joined March 2017
မြန်မာနိုင်ငံမှာ မင်းအောင်လှိုင် အာဏာသိမ်းလိုက်သည့်အတွက် ပြည်သူ့ကာကွယ်ရေးတပ် #PeopleDefenceForce (၅/၅/၂၀၂၁)နေ့တွင် ပေါ်ပေါက်လာပါသည်။ ထိုအချိန်မှစ၍ မင်းအောင်လှိုင်ဦးဆောင်နေသောတပ်သည် #သူပုန်အဖွဲ့ဖြစ်သွားပါသည်။ #WeSupportPeopleDefenceForce
#WhatsHappeningInMyanmar
9
36
290
တစ်ရာတစ်ဆယ်ပြည့်မွေးနေ့ (သို့မဟုတ်) အမွေအနှစ်တစ်ခု 💪အနှစ်တစ်ရာ့ဆယ်လွန်သွားပြီ၊ သို့သော်လည်း ဗိုလ်ချုပ်ရဲ့အလင်းရောင်က တောက်ပနေဆဲ။ ဦးဆောင်ရန်မွေးဖွားသူ၊ တိုက်ပွဲထဲကအောင်ခ��င်းအတွက်မွေးဖွားသူ။ အမှောင်မှ အလင်းသို့ လမ်းကြောင်းကို ထွင်းထုခဲ့သူ။ 💪သတ္တိ ပြင်းတွေပြ အမြင်တွေရဲရင့်ခြင်းနဲ့၊ လွတ်လပ်မှု၊ နိုင်ငံတော်ခိုင်မြဲမှုနဲ့ အိပ်မက်တွေမပေးခဲ့သူ။ အိပ်မက်ကိုအကောင်ထည့်ဖေါ်ခဲ့သူ။ စစ်ပွဲ အမုန်းတွေကိုဖြေပေးခဲ့သူ။ ကတိကိုတည် မြန်မာပြည်ကို စောင့်ရှောက်ဖို့ ကျိန်ဆိုခဲ့သူ။ 💪အသံကို မြှင့်ပြီး ချဉ်နှောင်မှုတွေကိတွေကို အံတုတယ်၊ အနစ်နာခံမှုတွေနဲ့ ရုန်းကန်မှုတွေကြောင့်။ လွတ်လပ်မှုနဲ့ အာဏာကို တောင်းဆိုမရရင်တိုက်ထုတ်ခဲ့တဲ့ ခေါင်းဆောင်၊ လူတွေအတွက် အတ္တတွေစွန့်တာ ကျော်ကြားမှုအတွက် မဟုတ်ခဲ့ဘူး။ 💪ကံကြမ္မာက ရက်စက်တော့ ဗိုလ်ချုပ်ရဲ့အချိန်တွေ တိုတ��ာင်းခဲ့။ တပ်မက်မှုက ပဲပြုတ်နဲ့နံပြားလေးပါဘဲ။ သူအိပ်မက်က ငါတို့လူမျိုးရဲ့နှလုံးသားကို ပုံဖော်နေတုန်းပဲ။ ဝိညာဉ်တိုင်း၊ မြေရှိတဲ့နိုင်ငံတိုင်းက သူအမည်နာမကိုမမေ့ခဲ့။ အာဏာရူးတဲ့ မြန်မာပြည်ကတော့ …….. ကျောက်တိုင်တွေကို ညခြင်းရွေ့၊ ရုပ်တုတွေကိုဖျက်စီး။ မပျက်စီးနိုင်ခဲ့တာ အာဏာတွေမသိခဲ့။ 💪သူ့ အမွေတွေထားခဲ့တာ သမီးတစ်ယောက်ထဲကိုလားထင်မိ။ နှစ်ထောင်နှစ်ဆယ်တစ် အာဏာရ��းတဲ့ဖွတ်တသိုက်1⃣ ကြောင့်။ သူအမွေတွေက ငါတို ဂျီဇက်2⃣ တွေကိုလည်း ပေးခဲ့ပါလားဆိုတာ။ ငါတို့က ဗိုလ်ချုပ်အမွေ မျှဝေခံတွေပါလားလို့။ မတန်ရာမှန်းပြီး မြတ်တနိုးနဲ့..။ အဖ ဗိုလ်ချုပ်မွေးနေ့ကို ကြိုဆိုပါ၏။ **ဖြေရှင်းချက်။ 1⃣ {အာဏာရူးတဲ့ဖွတ်တသိုက်} = မင်းအောင်လှိုင်နှင့်အာဏာသိမ်းရန်အားပေးသူထောက်ခံသူ ကူညီသူများ 2⃣{ ဂျီဇက် } = Generation Z @SoeKoKoTAung ✍️✍️✍️✍️ (12. 2. 2025) #2025Feb12Coup #CCP_StopSupportingCriminals #ChinaStopSupportingJunta #WhatsHappeninglnMyanmar #China_StopYourHypocrisy #StopCCP_InterferenceInMyanmarInternalAffairs #eucouncil #euco
@GOVUK
@realDonaldTrump @POTUS @JDVance @VP
@WorldBank
@FCDOGovUK
@HouseofCommons
@10DowningStreet
@RapporteurUn
@USAmbUN
@UN
@EU_Commission @EUCouncilPress
@SabatucciEU @EUCouncil @Europarl_EN @VDombrovskis @JPN_PMO @GermanyDiplo @francediplo_EN @ItalyMFA_int
@eu_eeas
@EU_Partnerships
@JosepBorrellF
@miqueliceta
@abcnews
@ASEAN
1
4
34
Hla Soewai✍️✍️✍️ အာဏာသိမ်း ဒု ဗိုလ်မှုးကြီး တဦး၏ ဖွင့်ဟ ဝန်ခံချက် *************** အာရက္ခတပ်တော် သို့ ဇန်နဝါရီ ၃��� ရက် တွင် လက်အောက်ငယ်သား များ နှင့် အတူ လက်နက်ချ လာခဲ့သော ဒုဗိုလ်မှုးကြီး ကျော်ကျော်သက် မှ ၎င်းတို့၏ တပ်များသည် စစ်မြေပြင် တွင် စိတ်ဓါတ်များ ကျဆင်းလာနေပြီး စစ်ရေး ကျွမ်းကျင် မှု လည်း မရှိ ဖြစ်နေကြ၍ ရှေ့လျောက် အရှူံးနှင့်သာ ရင်ဆိုင်ရလိမ့်မည်ဟု ထုတ်ဖေါ် ပြောဆိုသွားခဲ့သည်။ ကျော်ကျော်သက်သည် ရမည်းသင်း အ ခြေစိုက်တပ်မ ၉၉ လက်အောက်ခံ ဗျူဟာ ၉၉၂ အဖွဲ့ ဦးစီးမှုး ဖြစ်သည်။ အာရက္ခ တပ်တော် နှင့် ငဖယ် မြို့နယ် တိုက်ပွဲ တွင် ၎င်း၏ လက်အောက်ခံ တပ်သား ၃၆၀ အနက် ၂၀ သာ ကျန်တော့၍ အားလုံး လက်နက်ချ အလင်းဝင်လာခဲ့ခြင်းလည်း ���ြစ်သည်ဟု သိရသည်။ ခေတ်သစ် မီဒီယာ မှ ထုတ်လွှင့်သော ၎င်း၏ ဗီဒီယို ဖိုင်တွင် ကျော်ကျော်သက်မှ မိမိတို့ တပ်များသည် လေ့ကျင့်မှု လည်း ချို့တဲ့နေပြီး တိုက်ချင်ခိုက်ချင် စိတ်လည်း မရှိကြ၊ စိတ်ဓါတ်များလည်း ကျဆင်းနေ၍ AA နှင့်သာ မက အခြား မည်သည့် တိုက်ပွဲများ တွင် မဆို ဆက်၍ အရေးနိမ့်နေဦး မည်သာ ဖြစ်သည်ဟု ဆိုသည်။ အာရက္ခ တပ်တော်၏ ပြောခွင့်ရ ဦးခိုင်သုခ မှ အဆိုပါ ဗီဒီယို ဖိုင်သည် အစစ်အ��ှန် ဖြစ်ကြောင်း ဧရာဝတီ သို့ အတည်ပြု ပြောကြားခဲ့သည်။ ၎င်းတို့ ဗျူဟာ အဖွဲ့သည် ဒီဇင်ဘာ ၃၁ မှ ဇန်နဝါရီ ၁၂ အထိ တာဝေးပစ် MA-7 မော်တာ များ ပစ်ခတ်ပုံ ပစ်ခတ်နည်း အပါအဝင် အထူး လေ့ကျင်မှုများ ပြုလုပ်ခဲ့ကြရသည်ဟု ဆိုသည်။ ထို့နောက်တွင် ဒုဗိုလ်မှုးကြီး ကျော်ကျော်သက်သည် တပ်မ ၉၉ လက်အောက်ခံ တပ်ရင်းများမှ ထုတ်နှုတ် အင်အား စုစုပေါင်း ၃၆၀ ကျော်ဖြင့် အမ်း နှင့် ထိစပ်နေသော ပဒန်းကျေးရွာ ဖက်သို့ ချီတက်ခဲ့ကြသည်။ နှစ်ရက်အကြာတွင် ပဒန်း အနီး ဘုရားကုန်း ဒေသတွင် အာရက္ခ တပ်တ��ာ် နှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အင်အား ၂၀၀ ကျော်ခန့် ထိခိုက် ကျဆုံးခဲ့၍ ဗျူဟာ ၉၉၃ ရှိရာ ပွိုင့် ၁၄၅၅ ရှိရာသို့ ပြန်ဆုပ်ခဲ့ရသည်။ နောက်ရက်များ တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွား ခဲ့ပြီး အကျ အဆုံး များသည်ထက် များလာခဲ့သည်။ ဒဏ်ရာရသူ များကို ကုသရန် ဆေးဝါး နှင့် ပစ္စည်းကိရိယာများ လုံလုံလောက်လောက် မရှိတော့ဟု ဆိုသည်။ ဇန်နဝါရီ ၃၁ တွင် ဂုတ်ဆီးတိုး ရွာဖက် တွင် တလိမ့���လိမ့် တက်လာနေသော AA တပ်များကြောင့် ဆုတ်ခွာလာစဉ် ကျော် ကျော်သက်သည် ၎င်းတို့ဖက်မှ ပစ်လိုက်သော အမြှောက်ဆံ ထိမှန်၍ ဒဏ်ရာရသွားခဲ့သည်။ တပ်လည်း ကစင့်ကလျား ဖြစ်သွားပြီး ၎င်းနှင့် အတူ တပ်သား ၂၀ ခန့်သာ ကျန်ခဲ့သည်။ ၎င်းတို့လည်း အာရက္ခတပ်တော် နှင့် ဆက်သွယ်ပြီး လက်နက်ချခဲ့ရသည်ဟု ဖွင့်ဟ ပြောဆိုသွားခဲ့သည်။ ကျွန်တော် မနေ့ နေလည်က ရေးတင်ခဲ့သည့် ပို့စ်တွင် နိုင်ငံတကာ အသိအမှတ် ပြု သော အချုပ်အခြာ အာဏာပိုင်မှု ဆိုရာဝယ် အုပ်ချုပ်သူ အစိုးရသည် နိုင်ငံတဝှမ်း ���မြငဆုံး အာဏာ သက်ရောက်ရမည်၊ မိမိတို့၏ နယ်ခြား ဒေသ ကို အပြည့်အဝ စီမံ ကွ��်ကဲ နိုင်ရမည်ဟူ၍ ဖြစ်ရာ အဆိုပါ စံနှုန်းများအရ စစ်ကောင်စီ သည် အချုပ်အခြာ အာဏာ ပိုင် မဟုတ်တော့၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးသည်ကလည်း ရေပေါ်တွင် အရုပ်ရေးပြသည်ကမှ အရာထင်ပေဦးမည်။ ဒို့တာဝန် အရေး သုံးပါး ဆိုသည်ထက် ၎င်းတို့ အာဏာကို ကုပ်ကပ်ဖက်တွယ် ထားနိုင်ရေးသာ လုံးပမ်း နေကြရသည်။ ၎င်းတို့ အား သစ္စာခံပြီး အသက်စွန့်နေကြရသူ များ အဖို့ အဓိက ထား စဉ်းစားရမည်က ဗိုလ်ချုပ်ကြီးများ အနေဖြင့် ယခု ပုံစံ အတိုင်း တိုင်းပြည်ကို ၂၀၂၁ မတိုင်မီ အနေအထား အထိ ပြန်ရောက်အောင် လုပ်နိုင်မည်လော၊ တော်လှန်ရေး ��ပ်များ ဖရိုဖရဲ နှင့် ဆုတ်ခွာပြီး နယ်ခြားဂိတ်များ၊ နယ်မြေများ ပြန်ရနိုင်မည်လား။ မည်သို့မျှ မဖြစ်နိုင်တော့သော အနေအထားမျိုး ဖြစ်နေသည်။ ဒို့တာဝန် အရေး သုံးပါးလည်း မထမ်းရွက် နိုင်တော့၊ သို့ဆိုက တိုင်းပြည် အတွက် မဟုတ် တော့ဘဲ ဗိုလ်ချုပ်ကြီးများ နေပြည်တော်တွင် သက်တောင့်သက်သာ နေရဖို့ အရေး တခုတည်း အတွ့က် ဆင်းရဲခံ၊ အငတ်ခံ၊ နောက်ဆုံး အသ က် စွန့်ရသည်အထိ တိုက်ပေး ခိုက်ပေးဖို့ တန်ပါ၏ လော၊ မိမိတို့ အပြန် ရင်တထိတ်ထိတ် နှင့် စားမဝင် အိပ်မပျော် စောင့်နေကြရ သော ဇနီးသားသမီး များ ထက် ပို၍ အရေးကြီး နေပြီလော ဆိုသည်ကို နဖူးပေါ် လက်တင် စဉ်းစားဖို့ လိုအပ်နေပြီ ဖြစ်သည်။ ပြည်သူများကတော့ ၎င်းတို့ ဂုတ်ကို ဆယ်စုနှစ်ပေါင်း များစွာ ကြာအောင် ခွစီးထားသည့် စစ်အာဏာရှင် စနစ်ကို အမြစ်ပြတ်သည် အထိ တွန်းလှန် သွားကြမည်သာ ဖြစ်သည်။ ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုခ��� အောင်ရမည်!!!
1
9
48
အာဏာသိမ်းလိုက်လို့ ငြိ��်းချမ်းစွာ ဆန္ဒပြတောင်းဆို ဒါကိုအကြမ်းဖက် ဖြိုခွဲပြီး လူမဆန်စွာ စစ်ခွေးတွေက ကိုက်လို့ ကိုယ်ကိုကိုယ်ခုခံပိုင်ခွင့်နဲ့ ရရာလက်နက်ကိုင် နောက်ဆုံးသော သေနပ်ကိုင်တိုက်မှ ရနိုင်မယ် လို့ ....ရှင်းပြနေ... ဒီသူတောင်းစားခွေးနားမလည်ဘူး ဒဲ့ပြောတာတောင် မသိ မနာတတ်တဲ့ အဟိတ်တိရိစ္ဆာန်တွေဗျ .....
0
1
6
Hla Soewai✍️✍️✍️ အာဆီယံ အထူး သံမှ တော်လှန်ရေး အဖွဲ့များ နှင့် တွေ့၊ စောချစ်သူ ၏ အကျပ်အတည်း ******************* အာဆီယံ အထူး သံတမန် အော့သ်မန် ဟာရှင်သည် နေပြည်တော်မှ အပြန် ဘန်ကောက်တွင် မြန်မာ တော်လှန်ရေး အဖွဲ့များ နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်ဟု ဒီဗီဘီ သတင်းတွင် ဖေါ်ပြထားသည်။ အဆိုပါ ဆွေးနွေးပွဲသို့ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ကရင် အမျိုးသား သမဂ္ဂ KNU၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ၊ ချင်း အမျိုးသား တပ်ဦး၊ မွန်ပြည်သစ် ပါတီ အာဏာရှင် တွန်းလှန်ရေး အဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ ဟာရှင်သည် နေပြည်တော်ရှိ စစ်အာဏာသိမ်း အဖွဲ့နှင့် တွေ့ဆုံခဲ့ရာတွင် အပစ်အခတ် ရပ်စဲရန် တောင်းဆိုခဲ့သည်ဟု ဆိုသည်။ မင်း အောင်လှိုင် သဘောတူခဲ့ သော်လည်း လိုက်နာခြင်း မရှိသည့် အာဆီယံ၏ အချက် ငါးချက်မှ သုံးချက် ဖြစ်သည့် အကြမ်းဖက်မှု များ ရပ်တန့်ရန်၊ လူသားချင်း စာနာမှု အကူအညီများ ပေးပို့နိုင်ရန် နှင့် ပါဝင် ပတ်သက်နေသူများနှင့် တွေ့ဆုံ ဆွေးနွေးရန် ဆိုသည်များ အဓိက ထား ဆွေးနွေးခဲ့သည်ဟု သိရသည်။ ယင်းသည် အာဆီယံ ဖက်မှ တော်လှန်ရေး အဖွဲ့များနှင့် ပထမဆုံး အကြိမ် လူသိရှင်ကြား တွေ့ဆုံလာခြင်းလည်း ဖြစ်သည်။ ၂၀၂၃ အင်ဒိုန��ရှား ဥက္ကဌ ဖြစ်ခဲ့စဉ်က စစ်အုပ်ချုပ်ရေး သမားများ နှင့် ကော တော်လှန်ရေး အဖွဲ့များ နှင့် ပါ အကြိမ် ၁၀၀ ကျော်မက ဆွေးနွေးခဲ့ကြပြီး ဖြစ်၍ ထို အတိုင်း ဆက်၍ ချဉ်းကပ် ဆောင်ရွက်သွားမည်ဟု အောသ်မန်က ရှင်းပြခဲ့သည်ဟု သိရသည်။ အိမ်နီး��ျင်း နိုင်ငံများက မြန်မာနိုင်ငံတွင်း ပဋိပက္ခ ကို အဆုံးသတ်ရေး ခေါင်းပူအောင် စဉ်းစားနေကြချိန်တွင် မင်းအောင်လှိုင်ကတော့ အကယ်ဒမီ ဆုပေးပွဲ တက်ရင်း အလုပ်များနေပြီး မြန့်မာ့သနပ်ခါး ကမ္ဘာသိအောင် လုပ်ရမည်၊ စိုက်ပျိုးရေး တပိုင်တနိုင် လုပ်ရမည် ဟူသော မည်သူမျှ စိတ်ဝင်စားခြင်း မရှိသည်များကို ပြောဆိုနေသည်။ လူတဦး၏ အသိပညာ၊ မမျှော်အမြင် ရှိမှု အား ထိုလူ၏ နှုတ်ထွက်စကားဖြင့် ဆု���းဖြတ်နိုင်သည် ဖြစ်ရာ ထိုအရေး တွင်တော့ မင်းအောင်လှိုင်သည် သုံညအဆင့်သာ ရှိပေသည်။ ၎င်းအား ခေါင်းဆောင်တင်ထားသူများသည်လည်း ထိုနည်းနှင်နှင်ပင် ဖြစ်ပေလိမ့်မည်။ ထိုသိူ့ အရေမရ အဖတ်မရ ပြောဆိုနေချိန်တွင် အာရက္ခ တပ်တော်သည် စစ်တွေအား ထိုးစစ်ဆင်ရန် ပြင်ဆင်သည့် အနေဖြင့် လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်နေကြပြီ ဖြစ်သည်။ ထိုင်း-မြန်မာ နယ်စပ်တွင်လည်း နာမည်ပျက်သည်ထက် ပျက်လာနေသော စောချစ်သူ နှင့် ၎င်း၏ ပါတနာ ဖြစ်သော DKBA တို့မှ အွန်လိုင်း ငွေလိမ်ဂိုဏ်းများ တွင် ပါဝင်နေသော တရုတ် နိုင်ငံသားများ အား ယခု ��ကုန် နောက်ဆုံးထား၍ ၎င်းတို့ နယ်မြေများ မှ ထွက်ခွာရန် ကြေညာချက် ထုတ်ပြန်လာသည်။ လိုက်နာခြင်း မရှိက ဥပဒေ နှင့် အညီ အရေးယူမည် ဟု ဆိုသည်။ စောချစ်သူ နှင့် အဖွဲ့သည် မည်သို့သော ပုဂ္ဂိုလ်များက မည်သို့သော အလုပ်များ လုပ်ကိုင်နေသည်ကို သိသိကြီး နှင့် လက်ခံထားကြောင်း ၎င်းတို့၏ ကြေညာချက်က သွယ်ဝိုက်ဝန်ခံသလို ဖြစ်သွားရသည်။ ထိုင်းဖက်မှ လျပ်စစ်၊ အင်တာနက်၊ စက်သုံးဆီများ ဖြတ်တောက်��ဲ့မှု သည် ၎င်းတို့ နယ်မြေများ အတွင်း လှုပ်ရှားနေသော ရာဇဝတ်ဂိုဏ်းများ အတွက် မည်သို့မျှ ထိခိုက်မှု မရှိသော်လည်း ဒေသခံများ ထိခိုက်လာနေ၍ ယခုလို ကြေညာချက် ထုတ်ပြန်လိုက်ရခြင်းလည်း ဖြစ်သည်။ စောချစ်သူ အဖွဲ့ မှ ထိုင်းအစိုးရ၏ ယုံကြည်မှု ပြန်ရပြီး ဖြတ် တောက်မခံရ ရေး အရေးကြီးသည်ဟု ဆိုသည်။ ဝန်ကြီးချုပ်ဟောင်း သာစင်မှ အဆိုပါ ဂိုဏ်းများ အမြစ်ပြုတ်သွားသည့် အခါ ပြန်၍ ထားရှိပေး���ည်ဟု ပြောလာသည်။ ထိုင်း ဒုဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီး ဖွန်သမ် ဝီချာယာ ချိုင်းမှ ထိုင်းနိုင်ငံသားများကို ကာကွယ်ရမည် ဖြစ်၍ မြဝတီ တွင် ဆန္ဒပြမှု များကို မိမိတို့ အရေးစိုက်မည် မဟုတ်ဟု ပြောကြောင်း ဘန်ကောက်ပို့စ် သတင်းစာ တွင် ရေးသားထားသည်။ မြန်မာ သနပ်ခါး ကမ္ဘာသိ အောင် လုပ်ရမည် ဆိုသော မင်းအောင်လှိုင် ဖက်မှ ယခုအခါ လျပ်စစ်ဓါတ်အား ကို လာအို မှ ပင် ဝယ်ယူရန် စဉ်းစားနေကြပြီ ဖြစ်သည်။ ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!
0
12
55
Zenn Kyi✍️✍️✍️ အကယ��ဒမီရဲ့သမိုင်းကြောင်းကအစကောင်းခဲ့ပြီး ၁၉၆၂အာဏာသိမ်းပြီးနောက်ပိုင်း တအိအိနဲ့ယိုယွင်းပျက်စီးသွားလိုက်တာ ၁၉၉၀ (videoခေတ်) နောက်ပိုင်းတွေကနေစပြီး ပျော်ပျော်ကြီးအရှိန်ရှိန်ကောင်းကောင်းနဲ့ဟိုးအောက်ဆုံးကိုထိုးဆင်းသွားခဲ့တယ်။ နောက်ပိုင်းမှာတော့ အကယ်ဒမီဆုဆိုတာဟာ အရုပ်တရုပ်မျှသာ။ ကျနော်အင်မတန်မှလေးစားရတဲ့ဆရာကြီးတယောက်ရဲ့အိမ်ကိုပထမဆုံးအကြိမ်ရောက်တော့ သူကပြောတယ်.. ��ဟေ့ရောင်..ဟိုမှာငါ့ရဲ့အကယ်ဒမီရုပ်ထု.. သွားကြည့်ကြည့်.. ငါ့နာမည်မထိုးထားဘူး..” ကျနော်သွားကြည့်လိုက်တယ်.. တကယ်ကိုမထိုးထားတာ။ ဒါတောင်အဲဒီ့ဆရာကြီးက ၁၉၈၀ ဝန်းကျင်ကဆုအချီးမြင့်ခံခဲ့ရတာ။ အဲဒီ့ခေတ်တုန်းက��ြန်မာ့ရုပ်ရှင်က အခုလောက်မဆိုးသေးဘူး။ ရုပ်ရှင်တွေကိုတကယ့်ဖလင်ထုတ်တွေနဲ့ရိုက်နေတဲ့ခေတ်။ အသေအချာပြင်ဆင်ပြီးမှရိုက်သေးတဲ့ခေတ်။ ပညာတတ်အသိုင်းအဝိုင်းတွေရုပ်ရှင်ကိုတလေးတစားကြည့်နေသေးတဲ့ခေတ်။ အနုပညာသမားတွေကို ဖက်ခွက်စားတွေလို့မခေါ်သေးတဲ့ခေတ်။ အဲဒါတောင် ဆရာကြီးကဘာကြောင့်ဂုဏ်မယူနိုင်ရတာလဲ။ ကျနော့်ရဲ့ဒုတိယမြောက်စာအုပ်ဖြစ်တဲ့ “စံ” ထဲမှာရေးထားတဲ့ “Oscar အကြောင်းတ��ေ့တစောင်း” ဆိုတဲ့ essay ထဲမှာ နိဂုံးကို “ဆုရဲ့တန်ဖိုးကဘယ်ကလာသလဲ” ဆိုတဲ့မေးခွန်းနဲ့အဆုံးသတ်ထားပါတယ်။ အဲဒီ့အတွေးစကိုအခုချိန်မှာပြန်ဖေါ်ပြီးပြောပြချင်ပါတယ်။ ဆုရဲ့တန်ဖိုးကဘယ်ကလာသလဲဆိုတော့ ဘယ်သူကပေးတာလဲဆိုတဲ့အပေါ်မှာမူတည်တယ်။ ဘယ်အဖွဲ့အစည်းကပေးတာလဲ။ အဲဒီ့အဖွဲ့အစည်းကဘယ်သူတွေနဲ့ဖွဲ့ထားတာလဲ။ ဆုံးဖြတ်တဲ့သူတွေက အနုပညာမှာဘယ်လောက်အဆင့်အတန်းရှိသလဲ။ သူတို့ဆုချီးမြင့���ခဲ့သမျှသူတွေအများစုဟာတကယ်ပဲထိုက်ထိုက်တန်တန်ရသွားခဲ့ကြတာလား။ တနည်းအားဖြင့် သူတို့ဟာတကယ်သမာသမတ်ကျတဲ့အဖွဲ့အစည်းလား။ ဒီအချက်တွေအကုန်လုံးဟာအရေးကြီးပါတယ်။ ဆိုတော့ ဆရာကြီးဟာသူရခဲ့တဲ့အကယ်ဒမီဆုကို ဘာကြောင့်အသိအမှတ်မပြုရခြင်းအကြောင်းဟာ အပေါ်ကမေးခွန်းတွေမှာအဖြေရှိပါတယ်။ တခုချင်းကိုဖြေကြည့်ပါ။ ကျနော်တို့ဟာ စနစ်ကိုတိုက်နေတာဆိုရင် စနစ်တကျတွေးခေါ်ဖို့လိုတယ်။ စနစ်တကျဖေါ်ဆောင်ဖို့လိုပါတယ်။ ကိုယ်အားပေးတဲ့မင်းသားဆုရရင်လက်ခံပေးပြီး မရရင် boycott လုပ်တာတို့ လုပ်လို့မရပါဘူး။ စနစ်ကိုပြင်ဖို့ဆိုရင် ပုဂ္ဂိုလ်���ေးနောက်လိုက်လို့မရဘူး။ ဒါကပရိတ်သတ်ဖက်ကယူရမယ့်တာဝန်။ ပြီးတော့ ဒီနေ့အကယ်ဒမီပွဲကိုတက်တဲ့သူတွေကို ပြောချင်တာကတော့ ပွဲရဲ့မလှမ်းမကမ်းတနေရာမှာ ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့အမျိုးသမီးကြီးဟာ ထောင်ထဲမှာငုတ်တုတ်ကြီးထိုင်နေတယ်ဆိုတဲ့အသိလေးရှိစေချင်ပါတယ်။ ပြီးတော့ ဘာမှတန်ဖိုးမရှိတဲ့ဒီဆုကိုရမယ့်သူတွေဟာလည်း ဝမ်းသာအားရနဲ့ ပုံတွေ စာတွေ တင်ခါနီးရင်ကျနော်ပြောတာလေးတွေကိုသတိရစေချင်ပါတယ်။ ဇဏ်ခီ
0
9
48
တရုတ်အစိုးရက🐕 #CCP ပထမတော့ ��သန်းရွှေ စစ်အစိုးရ မြန်မာပြည်မှာ မြဲမြံပြီလို့ ယူဆပြီး ရင်နှီးမြှုတ်နှံမှုတွေကို ဒလဟောသွန်ချခဲ့တယ် ။ ကျနော်တို့ သိတဲ့နေရာတွေကော ကျနော်တို့မသိတဲ့နေရာတွေကော အမျိုးအမည် လုပ်ငန်းပေါင်း မြောက်မြားစွာ ရင်းနှီးခဲ့ကြတယ် ။ ဒါတွေဟာ မြန်မာနိုင်ငံအတွက် တနေ့မှာ အကြွေးထောင်ချောက်တွေ ဖြစ်လာနိုင်တယ်ဆိုတာကို 🐕သန်းရွှေလည်းသိတယ် 🐕သိန်းစိန်လည်းသိတယ် 🐕တင်အောင်မြင်ဦးလည်���သိတယ် 🐕သူရရွှေမန်းလည်းသိတယ် ။ အမေဒေါ်အောင်ဆန်းစုကြည်ကို နှစ်ရှည်လများ နေအိမ်အကျယ်ချုပ် ချုပ်ထားပြီး ၊ ကြားကာလမှာ 🐕တရုတ်နဲ့ MOU ကုန်သွယ်စာချုပ်တွေ လျှို့ဝှက် ချုပ်ဆိုနေကြတာပါ ၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း၊ မြစ်ဆုံဆည်စီမံကိန်း လက်ပံတောင်းတောင်ကြေးနီတူးဖော်စီမံကိန်းများကို တက်သုတ်ရိုက်ချုပ်ဆိုခဲ့���ြီးဖြစ်တယ် ။ ပြည်သူလူထုကိုတော့ ညောင်နှစ်ပင် ဖွဲ့စည်းပုံ အခြေခ���ဥပဒေ ရေးဆွဲပြပြီး နိုင်ငံရေး လမ်းပြ မြေပုံ ၇ ချက်နဲ့ ငြိမ်ဆေး ကျွေးထားခဲ့ပါတယ်။ NLD ပါတီဝင် တွေ မပါဝင်တဲ့ ၂၀၀၈ ခြေဥကို ရေးဆွဲလို့ပြီးချိန်မှာတော့ တရုတ်အစိုးရ အလိုကျ ရေးဆွဲထားပြီးကြောင်း တရုပ်ဆီကို ခေါက်တုံ့ခေါက်ပြန် အစီရင်ခံရပါသေးတယ် ။ ခြေဥ ထဲမှာတော့ အသွင်သဏ္ဍာန်အရ ပါတီစုံဒီမိုကရေစီကို ဖော်ညွှန်းထားသယောင် အသွင်ဆောင်ထားပေမယ့် အနှစ်သာရအရ စစ်အာဏာရှင်စနစ်ကို အဆာသွပ်ထားတာမို့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ အသွင်ကူးပြောင်း ရေးကိုဦးတည်နေတယ်လို့ လူတ���ေက ချက်ချင်း မသိနိုင်ပါဘူး ။ ပုဒ်မ ။ ၄၃၆ အရ 🐕တပ်မတော်ကသာ နိုင်ငံတော် အာဏာကို ချုပ်ကိုင်ထားကြောင်း ထဲထဲဝင်ဝင် လေ့လာရင် လွယ်ကူစွာတွေ့နိုင် ပါတယ် ။ တိုင်းပြည်ရဲ့ အရေးအကြီးဆုံး ဝန်ကြီးဋ္ဌာနတွေဖြစ်တဲ့ ကာကွယ်ရေး ပြည်ထဲရေးနဲ့ နယ်စပ် လုံခြုံရေး ဋ္ဌာနဝန်ကြီးတွေကို ကာချုပ်က အမည်စာရင်းတင်သွင်းရမယ် ၊ ဒါကို သမ္မတ က အတည်ပြုပေးရမယ် ဆိုပဲ ။ ရပ်ကွက်ကို မြို့နယ် အုပ်ချုပ်ရေးမှူး�� အမိန့်ပေးပြီး ၃၃၀ အရေအတွက်ရှိသော မြန်မာတဝှမ်းလုံးက မြို့နယ်အုပ်ချုပ်ရေးမှူးတွေကို တိုင်းအလိုက် ခရိုင်အလိုက်ဖွဲ့စည်းပြီး ပြည်ထဲရေးဝန်ကြီးဋ္ဌာနက စီမံပါတယ် ။ ဆိုတော့ကာ မြန်မာနိုင်ငံ ပြည်ထောင်စုသမ္မတ က အရေးကြီးဋ္ဌာနတွေစီမံခွင့် အုပ်ချုပ်ခွင့် မရှိသလို ဖြစ်နေတဲ့ ၂၀၀၈ ခြေဥနဲ့ ခြေဥ ကြောင့်ဖြစ်ပေါ်လာရတဲ့ အစိုးရ ဟာ ရုပ်သေး အစိုးရဖြစ်နေတာကို ပြည်သူက နားမလည် နိုင်ကြပါဘူး ။ 🐕သန်းရွှေ 🐕သိန်းစိန် စစ်��ုပ်စုတသိုက်ဟာ 🐕တရုတ်အစိုးရနဲ့ပေါင်းပြီး တရုတ်အစိုးရပေးတဲ့ လာဘ်ငွေ ဒေါ်လာဘီလီယံချီကို ခွစားထားပြီး မင်းအောင်လှိုင်ကို ကာချုပ်အရာပေးကာ မျက်နှာလွှဲ ခဲပစ် မြန်မာပြည်ကြီး ဖြစ်ချင်ရာ ဖြစ် ပစ်ထားခဲ့ပုံရပါတယ် ။ အခုဆိုရင် မျက်မှောက်ကာလမှာ တရုတ်အစိုးရဟာ မြန်မာပြည်အရေးမှာ ပစ်ရမှာ လည်းအဆီနဲ့ဝင်းဝင်း ၊ စားရမှာလည်း သဲနဲ့ရှပ်ရှပ် အတော့်ကို အကျပ်ရိုက်နေပါတော့တယ် ။ တရုတ���အစိုးရ ဘာလုပ်မှာလဲ ၊ မြန်မာပြည် အထက်ပိုင်းကို ဝင်သိမ်းမှာလား ၊ တရုတ်အကျိုးစီးပွားအတွက် မင်းအောင်လှိုင်ကို ဝင်ထိန်းမှာလား ၊ စောင့်ကြည့်ရဦးမယ် ။ သန်းရွှေ သိန်းစိန် နဲ့ တရုတ်သူလျှိုတွေ ဖြစ်တဲ့ ဇရပ်ပျက် သာဒ့်ပါတီ တွေ အခုတလော မရ��ုးမရွ တွေဖြစ် ၊ မကျေမချမ်းတွေဖြစ် #NUG ကို ပေါ်တင်စိန်ခေါ် တိုက်ခိုက်လာကြပြီ ဆိုတော့ တော်လှန်ရေးဟာ မဝေးတော့ဘူးလို့ ကောက်ချက်ချရတော့မှာဖြစ်တယ် ။ အခြားနည်းနဲ့ ထရန့်ကိုမကြိုက်ပေမယ့် တရုတ် ရုရှားနဲ့ပလူးပလဲ ဖက်လှဲတကင်း နေနေတဲ့ အိန္ဒိယ ဝန်ကြီးချုပ် မဟိန်ဒြာ မိုဒီ တယောက် ထရန့်နဲ့တွေ့ဖို့ စီစဥ်နေရပါပြီ ။ ဒါကြောင့် ကြိုက်သင့်တဲ့အချိန်မှာ ထရန့်ကို ကြိုက်ရခြင်းဖြစ်တယ် ။ မအလ အားပေး မိုဒီလည်း ထရန့်ကြောင့် မြန်မာ့အရေး ပြောင်းလဲကျင့်သုံးရတော့မယ် မြန်မာနိုင်ငံဟာ အမေရိကန်ရဲ့အမျိုးသား လုံခြုံရေးကိုခြိမ်းခြောက်တဲ့ နိုင်ငံအဖြစ် ထရန့်က နောက်ထပ် တနှစ် သက်တမ်းတိုးလိုက်တာကြောင့် ဖြစ်လိမ့်မယ် ။ဒီအချက်ဟာ ထိုင်းကိုလည်း သွေးပူလေ့ကျင့်ခန်း ပေးလိုက် သလို တရုတ်နဲ့ ဖင်လျှက်ဆားဖြူး လုပ်နေတဲ့ အချို့အာဆီယံ #ASEAN အဖွဲ့ဝင်တွေကိုလည်း ပြူးပြူး ပျာပျာ ဖြစ်သွားစေနိုင်တယ် ။ အကြမ်းဖက်စစ်အုပ်စုကတော့ လိပ်ခေါင်း ထွက်အောင် ပဋ္ဌာန်းရွတ်လည်း အကျိုးမပေး နိုင်တော့ပါဘူး ၊ ရစရာရှိ ကြိုးစင်ကလွဲပြီး ဘာတခုမှမရနိုင်ပါပြီ ။ Tin Oo✍️✍️✍️ #2025Feb10Coup #CCP_StopSupportingCriminals #ChinaStopSupportingJunta
#WhatsHappeninglnMyanmar #China_StopYourHypocrisy
#StopCCP_InterferenceInMyanmarInternalAffairs #eucouncil #euco
@GOVUK
@realDonaldTrump @POTUS @JDVance @VP
@WorldBank
@FCDOGovUK
@HouseofCommons
@10DowningStreet
@RapporteurUn
@USAmbUN
@UN
@EU_Commission @EUCouncilPress
@SabatucciEU @EUCouncil @Europarl_EN @VDombrovskis @JPN_PMO @GermanyDiplo
@francediplo_EN @ItalyMFA_int
@eu_eeas
@EU_Partnerships
@JosepBorrellF
@miqueliceta
@abcnews
@ASEAN
@SCMPNews
@XHNews
@MFA_China
@SpokespersonCHN
@SpoxCHN_LinJian
0
29
135
Hla Soewai✍️✍️✍️ ဒုက္ခပေး၍ မဝ ကြသေးသူများ *************** ပြည်တွင်း ရှိ ပြည်သူများ အား ဒုက္ခ ပေး၍ အားမရ သေးသည့် အလား ယခု အခါ အမေရိကန် သို့ နည်း အမျိုး မျိုး ဖြင့် ရောက်ရှိနေကြသူများ ဖက် လှည��်လာကြပြန်သည်။ အာဏာသိမ်း အဖွဲ့��ှ ထရန့် အစိုးရ နှင့် ဆက်ဆံရေး ကောင်းလို ကောင်းငြား ဟူသော မျှော်လင့်ချက်ဖြင့် အမေရိကန် တွင် တရားမဝင် နေထိုင်နေကြရသူများ အား ပြည်တော် ပြန် နိုင်ရေး အတွက် မည်သို့ မည်ပုံ စီစဉ်ထားကြောင်း အသေးစိတ် အချက်အလက်များကို ဝါရှင်တန်ရှိ မြန်မာ သံရုံးမှ ထုတ်ပြန်လာခဲ့သည်ဟု ဧရာဝတီ မှ ၎င်းတို့၏ ကမောက်ကမ လုပ်ရပ်များ အကြောင်း အစချီ ရေးသားလာခဲ့သည်။ ထို့အပြင် အမေရိကန်သို့ ထွက်ခွာမည့်လူ���ျား ပြန်ပို့ခံရဖို့ ရှိနေသည်ဟု လည်း သံရုံးမှ သတိပေးလာခဲ့သည်။ အာဏာသိမ်း အဖွဲ့သည် သမ္မတ ဘိုင်ဒင် အစိုးရမှ ၎င်းတို့၏ ခေါင်း ဆောင်ကြီးများ အပါအဝင် မိသားစုများအား ဒဏ်ခတ် အရေးထားမှု များ၊ BURMA ACT ပြဋ္ဌာန်းခဲ့မှု များ အား ပစ်တင် ရှုတ်ချ လာပြန်သည်ဟု ဆိုသည်။ အမေရိကန်၏ လုပ်ရပ်များကို ယခင် အချိန်က တလုံးတပါဒ မျှ မဟရဲပဲ ယခု ကျမှ ၎င်းတို့သည် ထရန့်ဖက်က ရှိနေသလိုလို ပြောရဲဆိုရဲ ဖြစ်��ာကြသည့် သတ္တိရှင်များ ပင် ဖြစ်သည်။ ၎င်းတို့၏ ဗုဒ္ဓဟူးနေ့က ��ုတ်ပြန်ချက်သည် လက်ရှိတွင် သိုသိုသိပ်သိပ် နေနေ ကြရသည့် မြန်မာ နိုင်ငံသားများ ရှိနေကြောင်း လက်တို့ သတင်းပေးသလို ဖြစ်သွားပြီး အန္တရာယ်ကို ဖိတ်ခေါ်ပေးလိုက်ခြင်းလည်း ဖြစ်သည်၊ အကယ်၍ ပြန်ပို့ခံရမည် ဆိုက လေဆိပ်မှ စစ်ကြောရေး စခန်းများ သို့မဟုတ် စစ်သင်တန်းကျောင်းများသို့ တန်းရောက်သွားဖို့သာ ရှိနေသည်။ ထိုင်းမှ ပြန်လာသူများကိုလည်း ထိုသို့ပင် လုပ်ခဲ့ကြပြီး ဖြစ်သည်။ ယခုထိတော့ အမေရိကန် မှ ထိုသို့ ပြန်ပို့မည့် အကြောင်း ၎င်းတို့ထံ အကြောင်းမကြားသေးဟု စစ်ကောင်စီ ခန့် လူဝင်မှု ဝန်ကြီး မြင့်ကြိုင်မှ ဘီဘီစီ ကို ပြောပြခဲ့သည်ဟု ပါရှိသည်။ လူများအား ဒုက္ခပေးရမည် ဆိုလျင် လွန်စွာ ဝိရိယ ကြီးသူများ ပီပီ ကြိုတင် ပြင်ဆင်နေကြခြင်း ပင် ဖြစ်သည်။ ၎င်းတို့ တိုင်းပြည်ကို ထူးချွန်စွာ စီမံ အုပ်ချုပ်နိုင်မှု၏ ရလဒ်များ အဖြစ် မြန်မာ လူထုသည် ညစာကို ဖယောင်းတိုင��� မီးရောင်အောက်တွင် စားခဲ့ကြရသည်မှာ လေးနှစ်ထဲ ရောက်လာခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း ဒု ခေါင်းဆောင် စိုးဝင်းမှ အသေးစား၊ အလတ်စား၊ အကြီးစား လုပ်ငန်းရှင်များအား ဆိုလာ စွမ်း��င်ကို သုံးကြဖို့ ပြောဆိုသွားပြန်သည်။ ၎င်း၏ ရုံးအား ဆိုလာပြား ဖြင့် လျပ်စစ်မီးပေးထားသည်ဟု ဆိုပြီး ၁၈ လအတွင်း ကုန်ကျစရိတ် ကျေခဲ့သည်ဟု ကြွားလုံးထုတ်သွားပြန်သည်။ ၎င်းတို့ ကြောင့် ဖြစ်ပေါ်လာသော လျပ်စစ်ဓါတ်အား မလုံလောက်မှု နှင့် မိုးထိအောင် မြင့်တက်လာသော စက်သုံးဆီ ဈေးများကြောင့် အသေးစားလုပ်ငန်းများ ပြိုလဲသွားရသည့် အဖြစ်ကို မသိချင်ယောင် ဆောင်နေပြီး၊ နောက်ပိုင်းတွင် ၎င်းတို့ ပေးသည့် အကြံဉာဏ် ကို မလိုက်နာကြ၍ ဖြစ်သည်ဟု နလပိန်တုံးများကို ဝါဒဖြန့်ကြဦးမည် ဖြစ်သည်။ ၎င်းက ၁၈ လ အတွင်း အရင်းကြေသည် ဆိုသော် ဆိုလာပြားများသည် တိုင်းပြည်စီးပွားရေး၏ အသက်သွေးကြောဖြစ်သော အသေးစား စီးပွားရေး လုပ်ငန်းများ အဖို့ မည်သို့မျှ လက်လှမ်းမမီနိုင် ဖြစ်နေသည်။ ငွေထုတ်ချေးဖို့ ဆိုသည်ကလည်း ရလာသမျှ နိုင်ငံခြား ငွေ များဖြင့် ၎င်းတို့ပင် အနိုင်နိုင် ရပ်တ��်နေရရှာသည် မဟုတ်ပါလား။ စိုးဝင်းသည် နိုင်ငံ အနှံ ဗုံးကြဲ တိုက်ခိုက်ရန် ၎င်း၏ အဲယားကွန်ဒီရှင်း ရုံးခန်းကြီးထဲ တွင် ဆွေးနွေး ညွှန်ကြားနေစဉ် တွင် တနေ့ထက် ��နေ့ ကြီးမြင့်လာနေသော ကုန်ဈေးနှုန်းကြောင့် ဆိုလာပြားကို အိမ်မက်ထဲတွင်သာ တပ်နိုင်ရှာသော အခြေခံ လူတန်းစား ပြည်သူများက တော့ အမှောင်ထဲတွင် ချွေးတလုံးလုံးဖြင့် ယပ်တောင်ကို အားပြု နေကြရရှာသည်။ ဇန်နဝါရီ ၃၁ ရက် ကာလုံ အစည်းအဝေးတွင် မင်းအောင်လှိုင်မှ နိုင်ငံတဝှမ်း ဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခများကြောင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်နိုင်ခြေ မရှိဟု ��ပ်၍ ပြောသွားသော်လည်း လေးရက်အကြာတွင် မူ ၎င်းမှ နိုင်ငံရေး ပါတီများအား ရွေးကောက်ပွဲ အတွက် ပြင်ဆင်ထားကြဖို့ ကက်ဘိနက် အစည်းအဝေး တွင် ပြောလာပြန်သည်။ ယခုအခါ နိုင်ငံ တဝက်နီးပါးကိုသာ ဩဇာ သက်ရောက်နိုင်တော့သော မင်းအောင်လှိုင်သည် ၎င်း လေးနှစ် နီးပါး ပြောလာသော ရွေးကောက်ပွဲ ကျင်းပမည် ဆိုသည့် စကားကို တတွတ်တွတ် ပြောနေဆဲပင် ဖြစ်သည်။ နိုင်ငံရေး ပါတီများ အဖို့က မင်းအောင်လှိုင်မှ ရက် အတိအကျ ကြေညာ နိုင်ခြင်း မရှိ ဖြစ်နေ၍ လာမည့် ဇူလိုင်လ ကုန် တွင် ၎င်းတို့၏ အရေးပေါ် အခြေအနေ သက်တမ်း ထပ်တိုး မတိုး ဆိုသည်ကိုသာ စောင့်ကြည့်ရဖို့ သာ ရှိတော့သည်။ အာဏာသိမ်းသည့် အချိန်တွင် နိုင်ငံရေး ပါတီပေါင်း ၉၀ ရှိ နေခဲ့သော်လည်း ၎င်းတို့၏ စစ်အုပ်ချူပ်ရေး ကို အင်္ဂတေ လောင်းပေးမည့် ရွေးကောက်ပွဲ မျိုး တွင် ပါဝင်လိုခြင်း မရှိ၍ NLD အပါအဝင် နိုင်ငံရေး ပါတီ ၄၀ ခန့် ပြန်၍ မှတ်ပုံတင်ခြင်း မရှိသဖြင့် ဖျက်သိမ်းခံခဲ့ရပြီး ကိုကိုကြီး ၏ ပြည်သူ့ ပါတီ၊ ခင်ရီ တို့၏ ပါတီများ အပါအဝင် ၅၀ နှင့် ပါတီသစ် ၁၈ ပါတီ ပေါင်း ၆၈ ပါတီ ရှိ နေသည်။ ၎င်း၏ ရွေးကောက်ပွဲ အားလည်း အာဏာရှင် နိုင်ငံများ နှင့် ကိုယ်ကျိုး က��ည့် အိမ်နီးချင်းများသာထောက်ခံ နေကြသည��။ သို့သော် မင်းအောင်လှိုင်က ၎င်း၏ ရွေးကောက်ပွဲ ကို နိုင်ငံတကာ အသိုက်အဝန်း မှ ထောက်ခံနေကြသည်ဟု ကာလုံ အစည်းအဝေး တွင် ပြောသွားခဲ့သည်။ ၎င်း အဖို့ သိက္ခာ အကြီးအကျယ် ကျသွားခဲ့ရသည့် ဂျကာတာ အစည်းအ ဝေး အပြီး လေးနှစ်သက်တမ်း အတွင်း ရုရှား နှင့် တရုတ်သာ လာရောက်ဖို့ ဖိတ်ခေါ်ခဲ့သော်လည်း ၎င်း သွားခဲ့သည့် နိုင်ငံခြား ခရီးစဉ်များ အတွင်း နိုင်ငံ ခေါင်းဆောင်များကို ရွေးကောက်ပွဲ အတွက် ပြင်ဆင်နေသည်များ ရှင်းပြခဲ့သည်ဟု အရှက်ကင်းမဲ့စွာ ပြောဆိုသွားခဲ့သည်။ အပြောခံရသူ အားလုံး၏ စိတ်ထဲတွင်လည်း ဆောက်ဖြစ်မှ ကျောင်းဒကာ ပါ မောင်ရင်ရယ်ဟုသာ ရေရွတ်နေကြမည်လည်း ဖြစ်သည်။ တနင်္လာနေ့ ကက်ဘိနက် အစည်းအဝေး တွင် မင်းအောင်လှိုင်မှ အွန်လိုင်း ငွေလိမ်ဂိုဏ်းများကို ရှုတ်ချပြီး အဆိုပါ ဂိုဏ်းများကို နှိမ်နှင်းပြီး ပါဝင် ပတ်သက်နေသူများကို ပြင်းပြင်းထန်ထန် အပြစ်ပေးဖို့ ပြောသွားပြန်သည်။ ယခင် စစ်အာဏာသိမ်း အဖွဲ့တွင် နံပတ် သုံး အဆင့်မှ ယခု သက်သက်ခိုင် လို အဆင့် ဖြစ်သွားရရှာသည့် မြထွန်းဦး အားလည်း ဘန်ကောက်သို့ စေလွှတ်ခဲ့ပြီး ဖြစ်သည်။ တရုတ်မင်းသား ပြန်ပေးဆွဲခံရပြီး နောက် ကျားဖြန့်ဇာတ်လမ်းတွဲအား စောင့်ကြည့်နေသူများကတော့ လ��လုံးထွားခြင်း သက်သက်ဟုသာ မှတ်ယူကြမည် ဖြစ်သည်။ ရှမ်းမြောက် ဒေသတွင် လူအင်အား သိန်းသောင်းချီ၍ လှုပ်ရှားနေသော ကျားဖြန့်ဂိုဏ်းများအား တရုတ်မှ အတင်းအကျပ် လုပ်မလာမချင်း အကာအကွယ် ပေးနေခဲ့သူ ဖြစ်သည်။ ရှမ်းမြောက် ဒေသတွင် ညီနောင်သုံးဖေါ်ကြောင့် အဆိုပါ ဂိုဏ်းများ ပြိုကွဲသွားပြီး ထိုင်း-မြန်မာ နယ်ခြားသို့ ရွှေ့လာသည့် အခါတွင်တော့ စောချစ်သူကို ရွေကုက္ကူ ဖြင့် တပည့်မွေး လု���်ကိုင်စေပြန်သည်။ ထိုင်း နယ်စပ်တွင် ဖြစ်ပျက်နေမှု များသည် ၎င်းနှင့် မဆိုင် ထိုင်းဖက်မှ အင်တာနက်၊ မီး အပါအဝင် လိုအပ်သမျှ ပံ့ပိုးပေးနေ၍ ဟု ပြောလာသဖြင့် ထိုင်းမှ အကုန် ဖြတ်တောက်လိုက်ပြီ ဖြစ်၍ တကယ်တမ်း ထိခိုက်သွားရသည်က နယ်စပ်နေ စီးပွားရေး လုပ်ငန်း ရှင်လေးများ နှင့် ပြည်သူများသာ ဖြစ်သည်။ မြဝတီ ရှိ ၎င်းတို့၏ လက်ဝေခံ လူသုံးဆယ်ခန့်က ထိုင်း ကုန်ပစ္စည်းများကို သပိတ်မှောက်ရန် စီတန်းလှည့်လည် ခဲ့ကြသည်။ ယခုအခါ မင်းအောင်လှိုင် နှင့် စောချစ်သူ က တရုတ် အပေါ် သစ္စာရှိကြောင်း ပြသလို၍ လူ ခြောက်ဆယ်ခန့် ဖမ်းဆီးပြီး ပြန်လည် လွှဲပြောင်းပေးခဲ့ပြီ ဖြစ်သည်။ ��င်းအောင်လှိုင် ကတော့လ ၎င်း၏ စိတ်အာရုံ ခြောက်ခြားမှု များဖြင့် နိုင်ငံ တွင်း သံသယများ၊ အလိမ်အညာများ၊ အကြောက်တရားများ ဖြင့် လူထု ကို ဒုက္ခပေးနေ ခဲ့သည်မှာ လူ သန်းနှစ်ဆယ်ပင် အငတ်ဘေး ကြုံရလုမတတ် ဖြစ်လာနေပြီ ဖြစ်သည်။ ထို့အတွက်လည်း လူထုကြီးကတော့ ၎င်းတို့ဖက်က သေသည်အထိ မားမားမတ်မတ် ရပ်တည် တိုက်ပွဲဝင်သွားရှာသည့် ဆရာ နိုင်မြန်မာ ဈာပနာ ကိုသာ ၎င်းတို့ လုပ်သည့် အကယ်ဒမီ ဆုပေး��ွဲထက် ပို၍ အလေးထား လွမ်းဆွတ်လျက် ရှိနေသည်မှာ အဆန်းတကြယ်တော့ မဟုတ်ပေ။ ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ ��ောင်ရမည်!!! (ဧရာဝတီ ၏ ဆောင်းပါး ပါ အချက်အလက်များ ကို��ကား တင်ပြသည်)
0
12
43
#မြသွဲ့သွဲ့ခိုင် ၄နှစ်ပြည်ခဲ့ပြီ ရံဖန်ရံခါတော့ မင်းအကြောင်းပြောမီကြရင်း အကိုတို့တွေ ခရီးဆက်ဆဲပါ.... တချို့တွေကညီမနဲ့တွေ့မယ်ထင်ပါရဲ့ သူရဲကောင်းစာရင်း မဝင်လိုကြပေမယ့် ညီမနောက်ကို လိုက်လိုက်သွားလိုက်ကြတာလည်း တားမရ ဆီးမရနဲ့ ဒါပေမယ့်လေ ညီမ #မြသွဲ့သွဲ့ခိုင် ရေ မိစ္ဆာတွေက အခုတော့ မျက်စလူဆံပြာနဲ့ မာန်စွယ်တော့ကျိုးခါနီးလို့ မကြာမီ အမျှဝေနိုင်တော့မှာပါဟာ.....။ #SoeKoKoTAung
#2025Feb9Coup #CCP_StopSupportingCriminals #ChinaStopSupportingJunta #WhatsHappeninglnMyanmar #China_StopYourHypocrisy #StopCCP_InterferenceInMyanmarInternalAffairs #eucouncil #euco
@GOVUK
@realDonaldTrump
@POTUS
@JDVance
@VP
@WorldBank
@FCDOGovUK
@HouseofCommons
@10DowningStreet
@RapporteurUn
@USAmbUN
@UN
@EU_Commission
@EUCouncilPress
@SabatucciEU
@EUCouncil
@Europarl_EN
@VDombrovskis
@JPN_PMO
@GermanyDiplo
@francediplo_EN
@ItalyMFA_int
@eu_eeas
@EU_Partnerships
@JosepBorrellF
@miqueliceta
@abcnews
@ASEAN
2
25
149
#အောင်ပွဲဆင်နိုင်ပါစေရခိုင်မြေ 😍 #စစ်တွေမြို့သိ���်းတိုက်ပွဲကိုအောင်မြင်ပါစေလို့ ✌️✌️✌️ #တေးဆို(#ခိုင်လင်းဟိန်း 👨🎤) ၏ #ရက္ခိတအောင်ပွဲ သီချင်းဖြင့် အားပေးရင်း ကြိုတင်ဂုဏ်ပြုအပ်ပါတယ် 🫡🫡🫡#AA 💪💪💪💪 အာရက္ခတပ်တော် (AA) က စစ်ကောင်စီရုံးစိုက်ရာ ပြည်နယ်မြို့တော် စစ်တွေကို ယမန်နေ့ (ဖေဖော်ဝါရီ ၇ ရက်) ညပိုင်းမှစတင်၍ လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ #2025Feb8Coup #CCP_StopSupportingCriminals #ChinaStopSupportingJunta #WhatsHappeninglnMyanmar #China_StopYourHypocrisy #StopCCP_InterferenceInMyanmarInternalAffairs #eucouncil #euco
@GOVUK
@realDonaldTrump @POTUS @JDVance @VP
@WorldBank
@FCDOGovUK
@HouseofCommons
@10DowningStreet
@RapporteurUn
@USAmbUN
@UN
@EU_Commission @EUCouncilPress
@SabatucciEU @EUCouncil @Europarl_EN @VDombrovskis @JPN_PMO @GermanyDiplo @francediplo_EN @ItalyMFA_int
@eu_eeas
@EU_Partnerships
@JosepBorrellF
@miqueliceta
@abcnews
2
19
144
ချမ်းသာလိုခြင်း စူပါပါဝါရရှိလိုခြင်း အာဏာကြီးလိုခြင်း ဆိုသည့် မိမိကိုယ်တိုင်ဆင်းရဲခဲ့ကြသောတရုတ်များသည် နည်းမျိုးစုံဖြင့် သူတစ်ပါးပိုင်သော အရာအားလုံးကို ခိုးယူနေသည်မှာ ရှေ��ယခင်ကစဖြစ်ပါသည်။တရုတ်ဆိုသောသူများသည် ခိုးဆိုးလုနှိုက်အောက်တန်းကျသောလူများဆိုသည်မှာကမ္ဘာကသိနေပြီးသားဖြစ်ပါသည်။ The Chinese, who have themselves experienced poverty, have long been stealing everything that belongs to others through various means in their pursuit of wealth, superpower status, and dominance. The world already knows that the Chinese are lowly people who engage in theft and robbery. 中国人自己经历过贫穷,他们在追求财富、超级大国地位和霸权的过程中,长期以来通过各种手段窃取属于他人的东西。世界已经知道,中国人是一个从事盗窃和抢劫的卑贱民族。 #2025Feb8Coup #CCP_StopSupportingCriminals #ChinaStopSupportingJunta #WhatsHappeninglnMyanmar #China_StopYourHypocrisy #StopCCP_InterferenceInMyanmarInternalAffairs #eucouncil #euco
@GOVUK
@realDonaldTrump @POTUS @JDVance @VP
@WorldBank
@FCDOGovUK
@HouseofCommons
@10DowningStreet
@RapporteurUn
@USAmbUN
@UN
@EU_Commission @EUCouncilPress
@SabatucciEU @EUCouncil @Europarl_EN @VDombrovskis @JPN_PMO @GermanyDiplo @francediplo_EN @ItalyMFA_int
@eu_eeas
@EU_Partnerships
@JosepBorrellF
@miqueliceta
@abcnews
@ASEAN
@SCMPNews
@XHNews
@MFA_China
@SpokespersonCHN
@SpoxCHN_LinJian
တရုတ်ကုမ္ပဏီများအတွက် AI လျှို့ဝှက်ချက်များ ခိုးယူသည့် Google အင်ဂျင်နီယာဟောင်း အမေရိကန်စွဲချက်အသစ်များနှင့် ရင်ဆိုင်နေရ #တရုတ်ကုမ္ပဏီများ #AIလျှို့ဝှက်ချက်များ #ခိုးယူ #Google အ��ြည့်အစုံဖတ်ရန် >>> -----------------------------------------
0
10
48
#Burmese ကမ္ဘာပေါ်တွင် အရက်စက်ဆုံးနှင့် အရက်စက်ဆုံးလူများကို ထောက်ပြရမည်ဆိုလျှင် တရုတ်အစိုးရ [#CCP ] နှင့် တရုတ်နိုင်ငံသားများ ဖြစ်လိမ့်မည်။ မြန်မာ့ပြည်တွင်းရေးကို စွက်ဖက်ခြင်းမပြုရန် ကတိပြုထားသော်လည်း ပြောင်ပြောင်တင်းတင်း ဝင်ရောက်စွက်ဖက်ပြီး ရက်စက်ကြမ်းကြုတ်သော တပ်မတော်ခေါင်းဆောင် ICCမင်းအောင်လှိုင်ကို တရားဝင် ထောက်ခံနေပါသည်။ တရုတ်အစိုးရ [CCP] သည် နယ်စပ်ဒေသရှိ ပြည်သူများအတွက် ရပ်တည်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ကြိုးကိုင်��ြီး တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားသည်။ တရုတ်အစိုးရ [CCP] သည် မင်းအောင်လှိုင် ဦးဆောင်သော ရက်စက်ကြမ်းကြုတ်သော စစ်အာဏာရှင်ကို ထောက်ခံအားပေးနေသည်။ #English If you are to point out the most cruel and ruthless people on Earth, it would be the Chinese government [ #CCP ] and Chinese citizens. They promised not to interfere in #Myanmar 's internal affairs, yet they have blatantly interfered and are officially supporting the violent military leader Min Aung Hlaing. The Chinese government [ CCP ] is manipulating and tightly controlling the ethnic armed groups that stand for the people in the border regions. The Chinese government [ CCP ] is supporting the violent, murderous military junta led by Min Aung Hlaing. #Chinese 如果要指出地球上最残���和无情的人,那就是中国政府[中共]和中国公民。他们曾承诺不干涉缅甸的内政,��他们却公然干涉,并且正式支持暴力军阀领袖敏昂莱。 中国政府[中共]正在操控并紧密控制代表边境地区人民的民族武装组织。 中国政府[中共]正在支持由敏昂莱领导的暴力、屠杀的军政府。 #2025Feb8Coup #CCP_StopSupportingCriminals #ChinaStopSupportingJunta
#WhatsHappeninglnMyanmar #China_StopYourHypocrisy
#StopCCP_InterferenceInMyanmarInternalAffairs #eucouncil #euco
@GOVUK
@realDonaldTrump @POTUS @JDVance @VP
@WorldBank
@FCDOGovUK
@HouseofCommons
@10DowningStreet
@RapporteurUn
@USAmbUN
@UN
@EU_Commission @EUCouncilPress
@SabatucciEU @EUCouncil @Europarl_EN @VDombrovskis @JPN_PMO @GermanyDiplo
@francediplo_EN @ItalyMFA_int
@eu_eeas
@EU_Partnerships
@JosepBorrellF
@miqueliceta
@abcnews
@ASEAN
@SCMPNews
@XHNews
@MFA_China
@SpokespersonCHN
@SpoxCHN_LinJian
@RFA_Chinese @VOAChinese @Jam79922967 @MizzimaNews
တရုတ်ဟာ မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်တဲ့ မူကိ�� ကျင့်သုံးနေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ လင်ဂျင် (Lin Jian) က သတင်းစာရှင်းလင်းပွဲကနေတစ်ဆင့် ပြောလာပါတယ်။ #တရုတ် #အာဆီယံ #မစွက်ဖက် #လွတ်လပ်တဲ့အာရှအသံ #rfaburmese
1
27
92
လူချမ်းသာများ အာသာဖြေသည့် ဆင်းရဲတွင်းက ညစ်ညမ်းရုပ်သံ Porn ကို ညစ်ညမ်းရုပ်သံလို့ခေါ��ပြီး မြန်မာနိုင်ငံမှာ တရားမဝင်တဲ့ တားမြစ်ထုတ်ကုန်ပါ။ အရင်က အခွေဆိုင်တွေမှာ ခိုးကြောင်ခိုးဝှက်ပဲ ဝယ်ကြည့်ရရာကနေ အခုတော့ အပြေးအလွှားရှာစရာမလိုဘဲ အင်တာနက်ကလေးရှိရုံနဲ့ မိုဘိုင်းဖုန်းတွေထဲ အလွယ်တကူ ကြည့်လို့ရပါတယ်။ ညစ်ညမ်းရုပ်သံဆိုတာထဲမှာ လူ့အဖွဲ့အစည်းက မမြင်သင့်မမြင်အပ်ဘူးလို့ သတ်မှတ်ထားတဲ့ လူတွေရဲ့ ကိုယ်ရေးကိုယ်တာကိစ္စရပ်တွေ ပါပါတယ်။ ကာမကိစ္စတွေအကြောင်း ပ��င့်လင်းစွာပြောခွင့်မရှိတဲ့ယဥ်ကျေးမှု ထွန်းကားတဲ့ မြန်မာနိုင်ငံလိုနိုင်ငံမှာ ညစ်ညမ်းရုပ်သံဟာ ပိုအမြင်ရိုင်းပါတယ်။ လိင်စိတ်ကို အာသာဖြေတဲ့ ညစ်ညမ်းရုပ်သံ ဖြန့်ဝေတာဟာ မြန်မာနိုင်ငံမှာ ဥပဒေအရကြည့်ရင်လည်း တရားမဝင်ပါဘူး။ ဒါပေမဲ့ အာဏာသိမ်းပြီးနောက်မှာတော့ ဥပဒေအရ တရားဝင်ပြီး မြန်မာ့ယဉ်ကျေးမှုအရ အမြင်လည်း မရိုင်းတဲ့ ညစ်ညမ်းရုပ်သံအမျိုးအစားတခုကို လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ တွင်တွင်ကျယ်ကျယ် တွေ့လာရပါတယ်။ အဲဒီ တရားဝင်တဲ့ ညစ်ညမ်းရုပ်သံတွေမှာတော့ သာသာယာယာ ဇာတ်ဝင်ခန်းတွေမပါသလို ကာမကိစ္စတွေလည်း မပါပါဘူး။ ဒီညစ်ညမ်းရုပ်သံတွေကိုကြည့်ပြီး လူတွေဟာ ဘယ်အရာအပေါ်မှာ အာသာဖြေကြတာလဲ။ ဒါကတော့ poverty porn လို့ခေါ်တဲ့ ဆင်းရဲမှုညစ်ညမ်းရုပ်သံတွေပါပဲ။ ပျက်စီးယိုယွင်းနေတဲ့ လူ့အဖွဲ့အစည်းမှာ လူသားတွေဟာ လူသားဆန်မှုလက်ကျန်လေးကို အာသာဖြေဖို့ ကြိုးစားကြပါတယ်။ ဒီလိုအာသာဖြေနိုင်ဖို့ poverty porn တွေကို ကြည့်ကြပါတယ်။ poverty porn ဆိုတာ လူ့အသိုင်းအဝိုင်းရဲ့ ဆင်းရဲမှုနဲ့ သောကတွေကို အလွန်အကျူး ချဲ့ကားဖော်ပြပြီး လူတွေရဲ့ သနားညှာတာစိတ်ကို ထောင်ချောက်လိုဖမ်းယူ အကူအညီရှာဖွေထားတဲ့ ရုပ်ပုံနဲ့ ဗီဒီယိုတွေကို ဆိုလိုတာပါ။ Poverty porn ဆိုတဲ့ စကားလုံးဟာ ၁၉၈၁ ခုနှစ်က ရေးသားခဲ့တဲ့ တက်ကြွလှုပ်ရှားသူ ဂျော်ဂန်လစ်နာ (Jorgen Lissner) ရဲ့ ‘စိတ်ဆင်းရဲသောကကို ရောင်းဝယ်ကြသူများ’ ဆောင်��ပါးမှာ ပထမဆုံး ပါဝင်လာတာပါ။ အဲဲဒီအချိန်က အာဖရိကရဲ့ အစာငတ်မွတ်ခေါင်းပါးမှုကပ်ဘေးကြောင့် အာဟာရပြတ်လပ်နေတဲ့ ကလေးငယ်တွေရဲ့ပုံတွေဟာ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ခေတ်စားတဲ့အချိန်ပါ။ လူသားချင်းစာနာမှု အကူအညီတွေပေးတဲ့ အဖွဲ့အစည်းတွေဟာ ကလေးတွေရဲ့ အစာအာဟာရချို့တဲ့နေတဲ့ ပုံတွေကိုသုံးပြီး လူတွေရဲ့သနားစိတ်ကို မျှားခေါ်ကာ ရန်ပုံငွေ ရှာကြပါတယ်။ လူသန်းပေါင်းများစွာရဲ့ ရင်တွင်းကို ရိုက်ခတ်စေတဲ့ ဒီပုံတွေကို ဂျော်ဂန်လစ်နာကတော့ ညစ်ညမ်းရုပ်ရှင်တွေနဲ့ ခိုင်းနှိုင်းခဲ့ပါတယ်။ လူတဦးရဲ့ ဒုက္ခဝေဒနာဟာ လိင်မှုကိစ္စလို သိမ်မွေ့ပြီး ကိုယ်ရေးကိုယ်တာဆန်တယ်လို့ သူက ဆိုပါတယ်။ ဒီလို ဒုက္ခဝေဒနာကို လူပေါင်းများစွာကြည့်ဖို့ ရိုက်ကူးချပြတာဟာ လူ့ကျင့်ဝတ်နဲ့ မညီဘူးလို့ သူက ဝေဖန်ပါတယ်။ Poverty porn တွေဟာ အာဖရိကရဲ့ ငတ်မွတ်နေတဲ့ ကလေးတွေ၊ ဆင်းရဲမွဲတေမှုနဲ့ ကျိ���းပဲ့နေတဲ့ အိမ်တွေအကြောင်းပဲ ချခင်းထားကြပါတယ်။ ရက်ရောမှု၊ ဖော်ရွေပျူငှာမှု၊ ယဉ်ကျေးမှုနဲ့ ဇွဲလုံ့လတွေ စတဲ့ သူတို့ချမ်းသာတဲ့ အရာတွေကိုတော့ လျစ်လျူရှုခဲ့ကြတယ်လို့ သူက ဆိုပါတယ်။ တက��်တမ်းတော့ လူတွေရဲ့ သဒ္ဓါစိတ်ကိုနှိုးဆွဖို့ poverty porn တွေလိုပါတယ်။ လိင်မှုကိစ္စတွေမှာ အာသာဖြေဖို့ ��ိုအပ်သလို poverty porn တွေကနေတဆင့် လူတွေဟာ သူတို့ရဲ့ လူသားဆန်မှုလက်ကျန်လေးကို တသသနဲ့ ကြည့်ရင်း အာသာဖြေကြတယ်။ သနားညှာတာစိတ်နဲ့ ပေးကမ်းစွန့်ကြဲ ကူညီထောက်ပံ့ခြင်းကို သံမှိုရိုက်သင်ကြားခံရတဲ့ မြန်မာ့လူ့အဖွဲ့အစည်းမှာ ဒီလိုအာသာဖြေရတာကို ပိုမက်မောတတ်ကြပါတယ်။ တဖက်မှာလည်း ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးပြီး မင်းဆိုးမင်းညစ်ပေါတဲ့ တိုင်းပြည်မှာ ကဏ္ဍပေါင်းစုံက ယိုပေါက်တွေနဲ့ ပျက်စီးနေတတ်ပါတယ်။ ကဏ္ဍတိုင်းဟာ အရပ်ကူပါလူဝိုင်းပါ စေတနာ့ဝန်ထမ်း အလှူ့ဒကာ၊ ဒကာမတွေရဲ့ ရေစီးကမ်းပြိုလှူတန်းမှုနဲ့ ပရဟိတလုပ်ငန်းတွေကို မှီခိုနေရပါတယ်။ ကြောင်ခံတွင်းပျက်နဲ့ ဆက်ရက်တောင်���ံကျိုးတို့ တွေ့ကြသလိုပါပဲ။ လှူဒါန်းမှုလို့ဆိုရရင် နိဗ္ဗာန်အကျိုးမျှော်တဲ့ တို��်တွန်းချက်တွေမှာ သာသနာကို ကာကွယ်စောင့်ရှောက်နေတဲ့ ဘုရားသားတော်တွေအတွက် နောက်ဆုံးပေါ်ကားတွေနဲ့ ဇိမ်ခံရွှေပလ္လင်တွေ လှူဒါန်းဖို့ကို ပိုပိုသာသာ အလေးပေး တိုက်တွန်း��တ်ကြပါတယ်။ ဒီလိုတိုက်တွန်းချက်တွေကို ကျော်လွန်ပြီး လှူဒါန်းကြဖို့ဆိုတာ စုတ်ပဲ့နုံချာတဲ့ နေ့စဉ်ဘဝငရဲကို တော်ရုံချပြနိုင်ရုံနဲ့ မရပါဘူး။ ကျောင်းဆောင်လှူရင် သီရိသုဓမ္မဘွဲ့ အပ်နှင်းခံရပေမဲ့ ဆင်းရဲသားတွေကို ထမင်းတနပ်လှူရင်ဖြင့် အလှူ့အမများမှာ ဘာဘွဲ့ထူးများ ရနိုင်ကြမှာလဲ။ ဒီတော့ အပြိုင်အဆိုင် အလှူရှင်ရှာရတဲ့ ဆင်းရဲတွင်းက လူမှုဘဝလိုအပ်ချက်တွေဟာ အရင်လို အရပ်ထဲ��ှာ လက်လှမ်းမီရာ နှိုးဆော်ကြရုံနဲ့ မလုံလောက်ကြတော့ပါဘူး။ တိုးတက်လာတဲ့ ခေတ်ရေစီးကြောင်းအတိုင်း လူမှုကွန်ရက်ပေါ်မှာ ကြေညာမောင်းခတ် ရပါတယ်။ ကြည့်ရှုသူ၊ နားထောင်သူရှားတဲ့ ခေတ်ပျက် သတင်းဌာနတွေကလည်း လူစိတ်ဝင်စားမယ့် poverty porn တွေကို အတော်လေး မျက်စိကျလာပါတယ်။ ဆင်းရဲတွင်းက ကလေးငယ်တွေ၊ မသန်စွမ်းတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ နာမကျန်းဖြစ်သူတွေဟာ အဲဒီလို မီဒီယာတွေရဲ့ သားကောင်ဖ��စ်လာပါတယ်။ ဒီနေရာမှာ အလှူ့အမများကလည်း တထောင့်တနေရာကနေ နှလုံးလှမီးအိမ်ရှင်ရာထူးကို ဝင်ယူလိုကြပါတယ်။ အလှူ့အမအနေနဲ့ လူထုမေတ္တာခံယူ��ိုင်ဖို့ မီဒီယာစုံညီရှေ့မှာ အင်တာဗျူးဖြေပြီးမှ စွန့်ပစ်ခံကလေးငယ်ကို ခေါ်ယူမွေးစားပါတယ်။ လူပေါင်းများစွာရဲ့ ထည့်ဝင်လှူဒါန်းငွေတွေနဲ့ အလှူ့အမက ခေါ်ယူမွေးစားနိုင်ပေမဲ့ ကျောမွဲမိဘတွေကိုတော့ ကိုယ့်သွေးကိုယ့်သားကို စွန့်ပစ်နိုင်သူတွေဖြစ်ကြောင်း မီဒီယာတွေက ကွက်ကွက်ကွင်းကွင်း ရိုက်ကူးတင်ဆက်ပြပါတယ်။ ဒီဗီဒီယိုဖိုင်တွေက ကလေးငယ်အတွက် စိတ်ဒဏ်ရာ ဘယ်လောက်ဖြစ်စေမလဲဆိုတာကိုတော့ ဘယ်သူမှ ထည့်သွင်းစဉ်းစားပုံ မပေါ်ပါဘူး။ အရင်းခံ ဆင်းရဲတွင်းက ဘဝတွေဟာ ကူငွေလေး အနည်းငယ်ရနိုင်ဖို့ ခေတ်ပျက်မီဒီယာတွေနဲ့ အလှူ့အမတွေအတွက် လူ့ဂုဏ်သိက္ခာကို စတေးခံရင်း ရွှေပုံပေါ် တရက်စံပြီး ဆင်းရဲတွင်းမှာရှိတဲ့ မူရင်းဘဝကို ပြန်ဆင်းကြရပြန်ပါတယ်။ အဆုံးမှာတော့ ပိုနေမြဲ၊ ကျားနေမြဲ။ ဒါပေမဲ့ မောင်ပိုမှာတော့ ရွှေတထုပ်နဲ့။ နိုင်ငံရဲ့ ပျက်စီးနေတဲ့ကဏ္ဍတွေကို ��ြုပြင်ဖို့ဆိုတာ အစိုးရရဲ့ တာဝန်တွေပဲ ဖြစ်ပါတယ်။ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး၊ ဘိုးဘွားစောင့်ရှောက်ရေး၊ မသန်စွမ်း ပြုစုပျိုးထောင်ရေး၊ ရေဘေးသင့် ပြန်လည်ထူထောင်ရေး စတာတွေဟာ ပြည်သူ့ဘဏ္ဍာငွေတွေနဲ့ စီမံခန့်ခွဲလည်ပတ်ရ��ယ့် အစိုးရတရပ်ရဲ့ တာဝန်တွေသာဖြစ်ပါတယ်။ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန (လူကယ်ပြန်) ရဲ့ တာဝန်လစ်ဟင်းမှုဟာ poverty porn တွေ ပြန့်ပွားဖို့ အဓိက မီးစာဖြစ်ပါတယ်။ ညစ်ညမ်းရုပ်သံဆိုတာ စွဲလမ်းစေတတ်တဲ့ သဘောရှိသလို စွဲလမ်းမိရင်လည်း ဖြတ်ရခက်ပါတယ်။ မြန်မာ့လူ့ဘောင်အဖွဲ့အစည်းမှာလည်း poverty porn တွေ ခိုင်ခိုင်ခံ့ခံ့ အမြစ်တွယ်နေပါပြီ။ ဂုဏ်သိက္ခာကို ချနင်းထားတဲ့ poverty porn ကလာတဲ့ စာနာမှုတွေဟာ လူမှုပြဿနာတွေကိုဖြေရှင်းဖို့ စစ်မှန်တဲ့နည်းလမ်း မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ ဘာကူညီမှု၊ ညာကူညီမှုအသင်းတွေ အင်မတန်ကို ပေါပါတယ်။ ဒါကို စာရေးဆရာတွေက မိခင်နို့ မထွက်ဆုံးရွာက နို့မှုန့် အရောင်းရဆုံးပဲလို့ သုံးသပ်ပြောဆိုကြပါတယ်။ မြန်မာနိုင်ငံမှာ မိခင်နို့ရည်တွေ ဘယ်အထိ ဆက်လက်ပြတ်လပ်နေအုံးမှာလဲ။ Poverty porn တွေ ဘယ်အထိ ဆက်လက်ပြန့်ပွားနေမှာလဲ။ လူကယ်ပ���န်ကို မကယ်နိုင်သေးသရွေ့တော့ သင် လှူတဲ့ကူတဲ့အခါမှာ သင့်ကင်မရာနဲ့ လူထုမေတ္တာခံယူလိုစိတ်ကို အိမ်မှာချန်ခဲ့ခြင်းဖြင့် အမြင်ရိုင်းတဲ့ poverty porn တွေ ပျံ့နှံ့နေမှုကို ဟန့်တားကာကွယ်ပေးစေလိုပါတယ်။ #အေမီ ✍️✍️✍️✍️ အေမီ=သည် နိုင်ငံတကာဆက်ဆံရေးနှင့် ဖွံ့ဖြိုးရေးဘာသာရပ်ကို အထူးပြုသင်ယူနေသော နောက်ဆုံးနှစ်ကျောင်းသူဖြစ်ပြီး လူမှုသိပ္ပံဘာသာရပ်နှင့်နှီးနွှယ်သည့် ဆောင်းပါးများကို ရေးသားလျက်ရှိသည်။
4
33
165
Hla Soewai✍️✍️✍️ ကသောင���းကနင်း ဖြစ်လာနေသော မြဝတီ နှင့် ထိုင်းမှ လောင်စာဆီ တင်ပို့မှု ပါ ဖြတ်တောက်ရန် ရှိ ******************* ထိုင်း အစိုးရမှ ဖေဖေါ်ဝါရီ ၅ ရက်နေ့တွင် မြဝတီ သို့ ဝန်ဆောင်မှု ပေးနေသော လျပ်စစ်၊ အင်တာနက် နှင့် လောင်စာဆီ များ ဖြတ်တောက်ပစ်လိုက်ခြင်း ကြောင့် မြဝတီ ဒေသခံများ အခက်အခဲ ပေါင်း များစွာ နှင့် ရင်ဆိုင်နေကြရပြီ ဖြစ်သည်။ ထိုင်း အစိုးရ မှ မင်းအောင်လှိုင် အဖွဲ့ကဲ့သို့ မဟုတ်ဘဲ နိုင်ငံ ဂုဏ်���ိက္ခာ ကို အရေးထားသူများ ဖြစ်၍ ကြီးထွားလာ နေသော ကျားဖြန်ဂိုဏ်းများ ကြောင့် နိုင်ငံတကာ မှ အာရုံစိုက်လာယုံ��ျှ မက ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းများပါ ထိုးကျသွားခြင်း ကြောင့် ထိုင်း ဝန်ကြီးချုပ်၏ တရုတ်ပြည် ခရီးစဉ် မတိုင်မီ ပြတ်ပြတ်သားသား လုပ်လိုက်ခြင်းပင် ဖြစ်သည်။ ထို့အတွက် မြဝတီသာမက၊ တာချီလိတ် နှင့် ဘုရားသုံးဆူ ပါ ထိခိုက်သွားရပြီ ဖြစ်သည်။ ထို့ဒေသများရှိ ပုံမှန် စီးပွားရေး လုပ်ကိုင်နေသူများ၊ ဆေးရုံများ နှင့် ဒေသခံများပါ မကျန် ကသောင်းကနင်း ဖြစ်ကုန်ကြသည်။ လက်ကျန်ဆီများ အလုအယက် ဝယ်ယူ နိုင်ရန် ဓါတ်ဆီဆိုင်များ တွင် ကားတန်းရှည်ကြီး ဖြစ်လာနေသည်။ ဆီဆိုင် ၂၀ ခန့်လည်း ပိတ်ကုန်ကြသည်ဟု စင်္ကာပူ စထရိတ်တိုင်းမ် သတင်းစာ တွင် ရေးသားထားသည်။ မဲဆောက်နှင့် ဆက်ထားသော ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားကို ဖွင့်မြဲ အတိုင်း ဖွင့်ထားသည်ဟု ဆိုသည်။ သို့သော် ထိုင်းဖက်မှ ကုန်ကား သမားများက မြန်မာဖက်တွင် မီး နှင့် လောင်စာဆီများ ဖြတ်တောက်ခံရ၍ ဝင်မလာကြတော့ဟု သိရသည်။ ထိုသို့ တနှစ်လျှင် ဒေါ်လာ ၄ ဘီလီယံ ခန့် ပမာဏ ရှိနေသည့် ကုန်သွယ်ရေး ရပ်ဆိုင်း မတတ် ဖြစ်သွားမှု ကို ��ောချစ်သူ ၏ BGF မှ မည်သို့မျှ အကာအကွယ် မပေးနိုင်မှု အပေါ် မြဝတီ မြို့ခံများက မကျေမနပ် ဖြစ်နေသည် ဟု သတင်းတွင် ဖေါ်ပြထားသည်။ သို့သော် ကျားဖြန့်ဂိုဏ်းများကို မူ အကာအကွယ် ပေးနေကြသည်ဟု ဆိုသည်။ မြဝတီ စီးပွားရေး လုပ်ငန်းရှင်များက အခြေ အနေသက်သာလို သက်သာငြား တပ်ခ် ပြည်နယ် ကုန်သည်ကြီးများ အဖွဲ့ နှင့် တွေ့ဆုံ ဆွေးနွေးရန် ပြောဆိုလာကြသည်။ ကျားဖြန့် အဖွဲ့များသည် ကိုယ်ပိုင် မီးစက���များ၊ ဆိုလာပြားများ၊ စတားလင့်ခ် အင်တာနက် တို့ ရှိနေ၍ မထောင်းသာ လှသော်လည်း သာမန် ပြည်သူများကတော့ ထိခိုက်နစ်နာသွားရပြီ ဖြစ်သည်။ တရုတ် သမ္မတ ရှီကျင့်ပင့် မှ ဘီဂျင်းသို့ ရောက်ရှိလာသော ထိုင်း ဝန်ကြီးချုပ် ပေထုန်တန် အား ကော်ဇော်နီ ခင်း၍ ကြိုဆိုခဲ့သည့် အပြင် ယခုလို အွန်လိုင်း ငွေလိမ်ဂိုဏ်းများအား ပြတ်ပြတ်သားသား အရေးယူခဲ့မှု အပေါ် ကျေးဇူး ဥပကာရ တင်ရှိကြောင်း ပြောဆိုခဲ��သည်။ မင်းအောင်လှိုင်သည် ၎င်းဖက်က တရုတ် လိုလားသမျှ ရွေးကောက်ပွဲ ပါ မကျန် လုပ်ပေးမည်ဟု ကတိကဝတ် များစွာ ပေးခဲ့သော်လည်း ကော်ဇောနီ ကို အသာထားဘိဦး ယခုထိ ��ီဂျင်းသို့ပင် ချေခြခွင့် မရရှာသေးပေ။ ထိုင်းရှိ PTT Oil and Retail Business (OR) မှ သန့်စင်ပြီးသား လောင်စာဆီ များ မြန်မာပြည်သို့ တင်ပို့နေမှု ပါ ရပ်ဆိုင်းပစ်ရန် ပြင်ဆင်နေသည်ဟု ဘန်ကောက်ပို့စ် သတင်းစာတွင် ဖေါ်ပြထားသည်။ ထိုင်း အမျိုးသား လုံခြုံရေး ကောင်စီ ၏ ထုတ်ပြန်လာမည့် အမိန့်ကို စောင့်နေသည်ဟု ဆိုသည်။ ထိုင်းသည် မြဝတီ၊ မြိတ်၊ တာချီလိတ် နှင့် ကော့သောင် မြို့များသို့ လစဉ် ဓါတ်ဆီ နှင့် ဒီဇယ်ဆီ လီတာ ၁၅ သန်း မှ သန်း ၂၀ ထိ တင်ပို့နေသည်။ မြန်မာ စစ်ကောင်စီ သတင်းစာ မှ ကျားဖြန့်အကြောင်း ရှားရှားပါးပါး ရေးသား ဖေါ်ပြခဲ့ရာတွင် လျပ်စစ်ဓါတ်အား နှင့် အင်တာနက်ကို အခြား နိုင်ငံ များ (ဆိုလိုသည်မှာ ထိုင်း) မှ ရရှိနေသည်ဟု ပါရှိလာသည်။ စောချစ်သူ အဖွဲ့မှ ၎င်းတို့ ရပ်တည်ပိုင်ခွင့်ကိုပါ ခြိမ်းခြောက်လာနေပြီ ဖြစ်၍ အာဏာသိမ်းပြီး နောက်ပိုင်း မှိုလို ပေါက်လာ နေသော ၎င်းတို့ ထ��န်းချုပ်နယ်မြေ များရှိ ကျားဖြန့်ဂိုဏ်းများကို နှိမ်နှင်းတော့မည် ပြောလာခဲ့ပြီး လူကုန်ကူးခံရသူ ၆၁ ဦး အား လည်း ထိုင်း အာဏာပိုင်များထံ လွှဲပြောင်းပေးလာခဲ့သည်။ ���၀၂၄ မေလ တွင် Justice for Myanmar အဖွဲ့မှ ကျားဖြန့်ဂိုဏ်းများ၊ တရားမဝင် ကာဆီနို များ နှင့် လောင်းကစားဝိုင်းများ တွင် ၎င်းတို့ ပါဝင်ပတ်သက် နေသည် ဟု အစီရင်ခံစာ ထုတ်ပြန်ထားသည်။ စောချစ်သူ ၏ မိသားစုသည် BGF စီးပွားရေး လုပ်ငန်း ခြောက်ခု ကို ထိန်းချုပ်ထားပြီး ကျားဖြန့်ဟု ဆိုကာ နာမည် ဆိုး နှင့် ကျော်ကြားနေသော အပိုလို နှင့် ယူလောင်ဘေး ပတ်ခ် များ တွင်လည်း ရှယ်ယာများ ပါဝင်နေသည်ဟု ပါရှိသည်။ ရွ��ေကုက္ကူ မှ နှစ်စဉ် ရရှိနေသော ဒေါ်လာ ၁၉၂ သန်း မှ ၅၀ ရာနှုန်းကို မြန်မာ စစ်တပ်အား ပေးရသည်ဟုလည်း ဆိုသည်။ BGF မှ မူ မြေငှားထားခြင်းသာ ဖြစ်သည်ဆိုကာ ၎င်းတို့ ပါဝင် ပတ်သက်မှု ကို ငြင်းဆိုထားသည်။ ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!
0
4
47
#2025Feb6Coup #CCP_StopSupportingCriminals #ChinaStopSupportingJunta #WhatsHappeninglnMyanmar #China_StopYourHypocrisy #StopCCP_InterferenceInMyanmarInternalAffairs #eucouncil #euco
@GOVUK
@realDonaldTrump @POTUS @JDVance @VP
@WorldBank
@FCDOGovUK
@HouseofCommons
@10DowningStreet
@RapporteurUn
@USAmbUN
@UN
@EU_Commission @EUCouncilPress
@SabatucciEU @EUCouncil @Europarl_EN @VDombrovskis @JPN_PMO @GermanyDiplo @francediplo_EN @ItalyMFA_int
@eu_eeas
@EU_Partnerships
@JosepBorrellF
@miqueliceta
@abcnews
@ASEAN
Children bear the brunt of Junta’s atrocities, aerial attacks Lack of regular immunization 4 children’ll increase risk of outbreak of diseases Only way to save Myanmar children & their future - end military dictatorship & stop flow of jet fuel Statement👇
0
1
0
ပြည်တွင်းလုံခြုံရေးကို အထူး ခြိမ်းခြောက်���ဲ့နိုင်ငံအဖြစ် မြန်မာနိုင်ငံကို ကန်သတ်မှတ် အမေရိကန်ပြည်ထောင်စုရဲ့ ပြည်တွင်းလုံခြုံရေးကို အထူး ခြိမ်းခြောက်နေတဲ့နိုင်ငံအဖြစ် မြန်မာနိုင်ငံကို သမ္မတ Donald Trump က ဆက်လက်သတ်မှတ်လိုက်ပါတယ်။ မြန်မာနိုင်ငံမှာ အာဏာသိမ်းအုပ်ချုပ်နေတဲ့စစ်တပ်ဟာ ပြည်သူအများရဲ့ဆန္ဒကိုဆန့်ကျင်ပြီး နိုင်ငံရဲ့ ဒီမိုကရေစီအသွင်ပြောင်းမှုနဲ့ တရားဥပဒေစိုးမိုးမှုတွေကို အားနည်းချည့်နဲ့အောင်လုပ်ဆောင်နေတဲ့ အတွက် အမေရိကန်ပြည်ထောင်စုရဲ့ အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံခြားရေး မူဝါဒအပေါ် သူမတူတဲ့ ခြိမ်းခြောက်မှုဖြစ်တယ်လို့ သမ္မတ Trump က လွှတ်တော်ကို ပေးပို့တဲ့စာမှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းလမ်းကျရွေးချယ်ခံရတဲ့ အရပ်သားအစိုးရကို စစ်တပ်က ၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းပြီးနောက် အစိုးရခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေ၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ သတင်းထောက်တွေ၊ ဘာသာရေးခေါင်းဆောင်တွေကို ဖမ်းဆီး ထောင်ချမှုတွေကို အမေရိကန် နိုင်ငံတော်ပြန်တမ်းမှာ ထောက်ပြထားပါတယ်။ ဒီအခြေအနေတွေကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်မှာထုတ်ပြန်ခဲ့တဲ့ သမ္မတအမိန့်အတိုင်း မြန်မာနိုင်ငံကို အမေရိကန်အမျိုးသားလုံခြုံရေး ခြိမ်းခြောက်တဲ့နိုင်ငံအဖြစ် ‘နောက်ထပ်တနှစ်ထပ်တ��ုး’သတ်မှတ်တယ်လို့ သမ္မတ Trump လက်မှတ်ထိုး ထားတဲ့ နိုင်ငံတော်ပြန်တမ်းမှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာစစ်တပ်အာဏာသိမ်းထားတာကြောင့် အမေရိကန်မှာ ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေ နေရပ်ပြန်ဖို့ မလုံခြုံတဲ့အတွက် အမေရိကန် အမိမြေလုံခြုံရေးဌာနက ယာယီနေထိုင်ခွင့် TPS ကို ၂၀၂၁ ခုနှစ် မတ်လမှာ စတင် ခွင့်ပြုခဲ့ပါတယ်။ အဲဒီနောက်TPS သက်တမ်းကို ၁၈ လတကြိမ် တိုးပေးခဲ့တာကြောင့် လောလောဆယ် ၂၀၂၅ နိုဝင်ဘာ ၂၅ ရက်နေ့အထိ အကျုံးဝင်နေပါတယ်။ Designates Myanmar as a country posing a particular threat to internal security President @realDonaldTrump has continued to designate Myanmar as a country that poses a special threat to the homeland security of the United States. In a letter to Congress, President Trump stated that the military coup in Myanmar poses an extraordinary threat to the national security and foreign policy of the United States because it is working against the will of the people and is undermining the country's democratic transition and the rule of law. The US State Department has highlighted the arrests and imprisonment of government leaders, politicians, human rights activists, journalists, and religious leaders in Myanmar since the military overthrew the democratically elected civilian government in 2021. In light of these developments, the Executive Order issued on February 10, 2021, designates Myanmar as a national security threat to the United States for an additional year, according to the State Department’s order signed by President Trump. Because Myanmar citizens in the United States are not safe from returning home due to the military takeover in Myanmar, the U.S. Department of Homeland Security began granting TPS status in March 2021. The TPS status has since been extended once for 18 months, so it is currently valid until November 25, 2025. #2025Feb6Coup #CCP_StopSupportingCriminals #ChinaStopSupportingJunta
#WhatsHappeninglnMyanmar #China_StopYourHypocrisy
#StopCCP_InterferenceInMyanmarInternalAffairs #eucouncil #euco
@GOVUK
@POTUS @JDVance @VP
@WorldBank
@FCDOGovUK
@HouseofCommons
@10DowningStreet
@RapporteurUn
@USAmbUN
@UN
@EU_Commission @EUCouncilPress
@SabatucciEU @EUCouncil @Europarl_EN @VDombrovskis @JPN_PMO @GermanyDiplo
@francediplo_EN @ItalyMFA_int
@eu_eeas
@EU_Partnerships
@JosepBorrellF
@miqueliceta
@abcnews
@ASEAN
0
16
125