AKMediaLiveNew1 Profile Banner
ARAKKHA MEDIA Profile
ARAKKHA MEDIA

@AKMediaLiveNew1

Followers
879
Following
2
Statuses
202

Arakkha Media (AK-Media) is a US based non-profit news and media organization. Arakkha Media provides true and unbiased news and information.

Chapel Hill,NC USA
Joined March 2023
Don't wanna be here? Send us removal request.
@AKMediaLiveNew1
ARAKKHA MEDIA
23 hours
စစ်တွေမြို့နယ် သင်းပုန်းတန်းရွာရှိ နေအိမ်များအား အကြမ်းဖက် စစ်ကောင်စီက မွတ်ဆလင်များကို သိန်း ၈၀၀ ဖြင့်ရောင်းစားဟု သတင်းထွက်ပေါ် အာရက္ခမီဒီယာ ၊ ဖေဖော်ဝါရီ ၁၂၊ ၂၀၂၅ ရက္ခိုင်ပြည်၊ စစ်တွေမြို့နယ်၊ သင်းပုန်းတန်းရွာရှိ ဒေသခံများ၏ နေအိမ်များကို အကြမ်းဖက် စစ်ကောင်စီက မွတ်ဆလင်များအား ကျပ်သိန်း ၈၀၀ ဖြင့် ယနေ့(ဖေဖော်ဝါရီလ ၁၂ ရက်)က ရောင်းချလိုက်ကြောင်း အကြမ်းဖက် စစ်ကောင်စီနှင့်နီးစပ်သူများထံကသိရသည်။ လက်ရှိတွင် အဆိုပါနေအိမ်များကို ဖြိုပျက်စီးခြင်း ရှိ၊မရှိမသိရသေးကြောင်း အဆိုပါသတင်းရင်းမြစ်က ပြောသည်။ "ဒီအိမ်တွေကိုလောလောဆယ်ဖြိုလား၊မဖြိုလား မသိရသေးဘူး။သင်းပုန်းတန်းတစ်ရွာလုံးကိုစစ်ကောင်စီက ထင်း၊တိုင် လိုချင်တာကိုယူ၊သိန်း ၈၀၀ နဲ့ယူလို့ရောင်းထားတာ"ဟု ၎င်းကဆိုသည်။ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန်အတွက် ပြည်နယ်စစ်ကောင်စီ၏ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းကိုဆက်သွယ်ခဲ့သော်လည်းအဆက်အသွယ်မရခဲ့ပေ။ ပြည်နယ်မြို့တော်စစ်တွေရှိ အကြမ်းဖက် စစ်ကောင်စီ၏တပ်စခန်းများကို အာရက္ခတပ်တော်(AA)က ဖေဖော်ဝါရီလ ၈ ရက်နေ့ကပင် လက်နက်ကြီးဖြင့်ပစ်ခတ်၍ထိုးစစ်ဆင်နေကာ စစ်ရေးအပြင်းထန်ဆုံးအခြေအနေသို့ရောက်ရှိလာသည်။ တစ်ဖက်တွင် အကြမ်းဖက် စစ်ကောင်စီကို စစ်တွေမြို့ရှိဒေသခံများကို ကုန်းလမ်း၊ရေလမ်းဖြင့် မြို့ကထွက်ခွင့်၊ဝင်ခွင့်မပေးသဖြင့် ဒေသခံအများအပြားပိတ်လှောင်နေကြရသည်။ငွေကြေးတတ်နိုင်သူအချို့သာ ရန်ကုန်သို့ လေကြောင်းဖြင့်စစ်ရှောင်နိုင်ကြသည်ဟု ဒေသခံတစ်ဦးကပြောသည်။ "မြို့ထဲကလူတွေကိုထွက်ခွင့်မပေးဘဲ အကြမ်းဖက် စစ်ကောင်စီက လူသားဒိုင်းကာလုပ်ထားတာ။ပြည်သူတွေကိုစေတနာရှိရင် စစ်မြေပြင်ကထုတ်ပေးသင့်တယ်"ဟု ၎င်းကဆိုသည်။ အကြမ်းဖက်စစ်ကောင်စီသည် စစ်တွေမြို့နယ်မှ အရပ်သားကျေးရွာများကို မွတ်ဆလင်လက်နက်ကိုင်များနှင့် ALP အဖွဲ့တို့နှင့်ပူးပေါင်းကာ ရောင်းစားလျက်ရှိသည်။ AA သည် ပလက်ဝဒေသနှင့်ရက္ခိုင်ပြည်ရှိမြို့နယ် ၁၄ မြို့ကိုသိမ်းပိုက်ထားကာ စစ်တွေ၊ကျောက်ဖြူနှင့်မာန်အောင်ကိုသာ တိုက်ခိုက်သိမ်းပိုက်ရန်ကျန်ရှိတော့သည်။ ဓာတ်ပုံ - အကြမ်းဖက်စစ်ကောင်စီအုပ်စုကို တွေ့ရပုံ/ CJ One Nation News သတင်းဌာနသည် အာရက္ခမီဒီယာ၏ မိတ်ဖက်သတင်းဌာန တခုဖြစ်သည်။
Tweet media one
1
10
31
@AKMediaLiveNew1
ARAKKHA MEDIA
2 days
ဒေါ်စောမြတ်ရာဇာလင်းဦးဆောင်သည့် ALP အဖွဲ့သည် စစ်တွေမှ လူငယ် ၄ ဦးကို ပြန်ပေးဆွဲ ဖမ်းဆီးခေါ်ဆောင်ကာ မိသားစုဝင်ထံမှ ငွေညှစ်တောင်းခံနေကြောင်း ဆို အာရက္ခမီဒီယာ ၊ ဖေဖော်ဝါရီ ၁၁၊ ၂၀၂၅ ရက္ခိုင်ပြည် မြို့တော် စစ်တွေတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပူးပေါင်းဆောင်ရွက်နေသည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP အဖွဲ့သည် လူငယ် ၄ ဦးကို မတရားဖမ်းဆီးခေါ်ဆောင်သွားပြီး မိသားစုဝင်ထံမှ ငွေညှစ်တောင်းခံနေကြောင်း မြို့ခံများက ပြောဆိုသည်။ ဖေဖော်ဝါရီ ၉ ရက်နေ့ မနံနက် ၉ နာရီဝန်းကျင်တွင် မင်းဂံအကွက် ၁၄ ရှိ ABC မိဘမဲ့ကလေးဂေဟာ အနီးမှ လူငယ် ၄ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။ အဆိုပါ လူငယ်လေးဦးမှာ မောင်ဇော်နိုင်ဦး၊ မောင်နီတူးချေ ၊မောင်ပုချေ ၊ မောင်ဆန်းကိုဦး တို့ကို ALP တပ်ဖွဲ့ဝင်များ ဖမ်းဆီးခေါ်ဆောင်သွားပြီး ၎င်းတို့ရုံးစိုက်ရာ မီးလောင်ကွင်း ALP ရုံး၌ ဖမ်းဆီးထားကြောင်း သိရသည်။ ALPထံ ဖမ်းဆီးထားရသည့် လူငယ် ၄ ဦး၏ မိသားစုဝင်များမှာ သွားရောက်တွေ့ခွင့်ရရှိသော်လည်း အနီးကပ် တွေ့ခွင့်မပေးပဲ အဝေးကနေတွေ့ခွင့်ပြုခဲ့ကြောင်းဆိုသည်။ အဆိုပါ လူငယ်တွေကို ပြန်လွှတ်ပေးရန် မိသားစုဝင်တွေက တောင်းဆိုခဲ့သော်လည်း ALP ဘက်မှ လူငယ်တွေ ပြန်လွတ်လိုပါက ပိုက်ဆံပေးရန် လိုအပ်ကြောင်း ပြောဆိုသည်ဟု စုံစမ်းသိရှိရသည်။ ဒေါ်စောမြတ်ရာဇာလင်း ဦးဆောင်းသည့် ALP တပ်ဖွဲ့ဝင်ချို့သည် စစ်တွေမြို့ပေါ်၌ ဒေသခံပြည်သူပိုင် ပစ္စည်းများ ဥစ္စာများကို အကြမ်းဖက် စစ်ကောင်စီနှင့် ပူးပေါင်းကာ ခိုးယူရောင်းစားမှုတွေလုပ်ဆောင်လျက်ရှိသည်ဟု စစ်တွေမြို့ ဒေသခံများထံမှ သိရှိရသည်။ ဓာတ်ပုံ - ALP ခေါင်းဆောင် ဒေါ်စောမြတ်ရာဇာလင်း ( ပုံဟောင်း ) One Nation News သတင်းဌာနသည် အာရက္ခမီဒီယာိ၏ မိတ်ဖက်သတင်းဌာန တခုဖြစ်သည်။
Tweet media one
0
3
7
@AKMediaLiveNew1
ARAKKHA MEDIA
2 days
အမှတ် ၉၉ ခြေလျင်တပ်မဌာနချုပ် ဗျူဟာမှူး ဒုတိယ ဗိုလ်မှူးကြီး ကျော်ကျော်သက်ကို အာရက္ခတပ်တော်က အရှင်ဖမ်းမိထား အာရက္ခမီဒီယာ ၊ ဖေဖော်ဝါရီ ၁၁၊ ၂၀၂၅ ရက္ခိုင်ရိုးမတောင်တန်း ကံမြင်ကန်နှင့် ဂုတ်စည်းရိုးတိုက်ပွဲတွင် အမှတ် ၉၉ ခြေလျင်တပ်မဌာနချုပ်မှ ဗျူဟာမှူး ဒုတိယ ဗိုလ်မှူးကြီး ကျော်ကျော်သက်ကို အာရက္ခတပ်တော်က အရှင်ဖမ်းဆီးရရှိကြောင်း စစ်ရေးသတင်းရင်းမြစ်တခုက ပြောဆိုသည်။ ဖေဖော်ဝါရီလဆန်းပိုင်းအတွင်း ဖြစ်ပွားခဲ့သော ဂုတ်စည်းရိုးတိုက်ပွဲတွင် ၎င်းကို ခြေထောက်ဒဏ်ရာနှင့်အတူ ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ပြီး ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီးသည် အမှတ် ၉၉ ခြေလျင်တပ်မဌာနချုပ်၊ အမှတ် ၉၉၂ နည်းဗျူဟာအဖွဲ့မှ ဖြစ်ကြောင်း သိရှိရသည်။ အမှတ် ၉၉၂ နည်းဗျူဟာမှ ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်သက် ဦးဆောင်သော အင်အား ၃၆၀ ပါ စစ်ကြောင်း ဇန်နဝါရီလ ၁၂ ရက်နေ့ ရမည်းသင်းမှ အမ်း-ပဒါန်းလမ်းပိုင်းသို့ ထွက်လာခဲ့ကြောင်း၊ ယင်းနောက် ကံမြင့်ကန်ဒေသ ဝန်းကျင်ကို လမ်းကြောင်းထိန်းသိမ်းရေး ဆောင်ရွက်ရန် စစ်ကောင်စီက ညွှန်ကြား စေလွှတ်ခြင်းဖြစ်ကြောင်း သိရှိရသည်။ ဇန်နဝါရီလ ၁၃ ရက်နေ့ ည ၈ နာရီဝန်းကျင်အချိန် ကံမြင့်ကန်ဒေသသို့ ရောက်ရှိခဲ့ပြီး အာရက္ခတပ်တော်က အမှတ် ၄၁၉ စစ်ကြောင်းများ တည်ရှိရာ နယ်ခြားဘုရားကုန်း စေတီကို တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနောက် ကံမြင့်ကန် အနီးမှာ ရှိတဲ့ ကိုင်းငုန်းကို ထပ်မံတိုက်ခိုက်ခံခဲ့ရပြီး ပွိုင့် ၁၄၅၅ တောင်ကုန်းကို ဆုတ်ပေးခဲ့ရကြောင်း သိရှိရသည်။ စစ်ကြောင်း စတင် စစ်ထွက်လာချိတွင် အင်အား ၃၆၀ ကျော်ရှိပြီး ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်သက် ဒဏ်ရာရချိန်တွင် အင်အား ၇၀ ကျော်သာ ကျန်ရှိတော့ကြောင်း၊ စစ်အင်အား အများဆုံးစုမှ သေဆုံးခဲ့ပြီး ဒဏ်ရာရအင်အားလည်း များပြားကြောင်း၊ ထို့ပြင် ပျောက်ဆုံးသူအင်အားများလည်းရှိကြောင်း၊ ဒဏ်ရာရရှိသူ ၁၀၀ နီးပါးရှိခဲ့ပြီး ဆေးရုံမပို့နိုင်သဖြင့် သေဆုံးသူများလည်းရှိကြောင်း၊ ဒဏ်ရာရရှိသူများကို ကံမြင့်ကန်ဒေသမှ ဂုတ်စီးရိုးသို့ ပြောင်းရွှေ့ခဲ့ကြောင်း၊ ဂုတ်စီးရိုးမှတစ်ဆင့် ပဒါန်းတပ်နယ်သို့ စစ်ယာဉ်တန်းဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။ ယင်းနောက် ဇန်နဝါရီလ ၃၁ ရက်နေ့ ဂုတ်စီးရိုးဒေသကို အာရက္ခတပ်တော် တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနောက် ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်သက်နှင့် အင်အား ၂၀ ဦးခန့်ဖြင့် ဂုတ်ကြီးဒေသသို့ ဆုတ်ခွာခဲ့ကြောင်း၊ ၃ ရက်ခန့် ဆုတ်ခွာပြီးနောက် ပွိုင့် ၁၃၉၉ နေရာတွင် အခြေပြုရင်း ဒဏ်ရာရရှိပြီး အာရက္ခတပ်တော်က အရှင်ဖမ်းမိရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ စစ်သုံ့ပန်း ဗျူဟာမှူး ဒုတိယဗိုလ���မှူးကြီး ကျော်ကျော်သက်သည် ၁၉၉၈ ခုနှစ်တွင် စစ်တက္ကသိုလ် ဗိုလ်လောင်းသင် တန်း အမှတ်စဉ် ၄၃ ကို တက်‌ရောက်ခဲ့သူဖြစ်ကြောင်း သိရှိရသည်။ ဓာတ်ပုံ - ဖမ်းဆီးရမိခဲ့သည့် ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်သက် One Nation News သတင်းဌာနသည် အာရက္ခမီဒီယာ၏ မိတ်ဖက်သတင်းဌာန တခုဖြစ်သည်။
Tweet media one
0
8
65
@AKMediaLiveNew1
ARAKKHA MEDIA
3 days
မောင်တောမှာ စစ်လက်ကျန် ဗုံးပေါက်ကွဲလို့ မွတ်ဆလင် လူငယ်တစ်ဦး သေဆုံးပြီး နောက်ထပ် လေးဦး ဒဏ်ရာရ AK ၊ ဖေဖော်ဝါရီ ၁၀၊၂၀၂၅ ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်၊ ရွှေဇားဂုံးနားမွတ်ဆလင်ရွာမှာ ယနေ့ နံနက်ပိုင်းက စစ်လက်ကျန်ဗုံးပေါက်ကွဲလို့ မွတ်ဆလင် လူငယ်တစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရသွားကြောင်း ဒေသခံများက သိရှိရသည်။ သေဆုံးသူမှာ အသက် ၂၂ နှစ်အရွယ် ဖေရုစ်ခါန်ဖြစ်ပြီး ဒဏ်ရာရရှိသူတွေကတော့ အသက် ၂၃ နှစ်အရွယ် မောင်မြင့်နိုင် (ခ) ကိုမာမတ်နူရ်၊ အသက် ၃၀ နှစ်အရွယ် မာမတ်ဇူနိုင်၊ အသက် ၁၈ နှစ်အရွယ် မာမတ်ဟူဆောင်းနှင့် အာရ်တာအာမောက်တို့ဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။ ဖေရုစ်ခါန်သည် ယနေ့ ဖေဖော်ဝါရီလ ၁၀ ရက်၊ မနက် ၁၀ နာရီလောက်မှာ အပေါင်းအသင်းများနှင့် လဘက်ရည်ဆိုင်မှာ လဘက်ရည်သောက်နေတုန်း ရွာထဲက ကောက်ရလာသည့် စစ်ကျန်ဗုံးသီးတစ်လုံးကို ထုကစားမိရာကနေ ပေါက်ကွဲမှုဖြစ်ကြောင်း ဆိုသည်။ အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် ကိုဖေရုစ်ခါန်၏ ပေါင်နှစ်ဖက်စလုံးပွင့်ထွက်ကာ လက်နှစ်ဖက်မှာလည်း ပြတ်ထွက်သွားပြီး နေရာမှာပင် ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရှိရပါသည်။ Photo - ဖေဖော်ဝါရီလ ၁၀ ရက်၊ နံနက်က မောင်တောမြို့နယ်၊ ရွှေဇားဂုံးနားရွာတွင် စစ်ကျန်ဗုံးသီးတလုံးပေါက်ကွဲ၍ သေဆုံး၊ ဒဏ်ရာရရှိသူများအား တွေ့ရစဥ် (Photo - APM) @AKMediaLiveNew1 @1onenationnews
Tweet media one
Tweet media two
Tweet media three
Tweet media four
0
2
2
@AKMediaLiveNew1
ARAKKHA MEDIA
3 days
ကျောက်တော်မြို့နယ် နန်းတက်‌ကျေးရွာပတ် ဝန်းကျင်ကို အကြမ်းဖက် စစ်‌ကောင်စီ ဂျက်ဖိုင်တာဖြင့် ဗုံးကြဲမှုကြောင့် အရပ်သား ၁ ဦးသေဆုံးပြီး နောက်ထပ် ‌၄ ဦးဒဏ်ရာရ အာရက္ခမီဒီယာ ၊ ဖေဖော်ဝါရီလ (၁၀)၊ ၂၀၂၅ အာရက္ခဒေသ၊ ကျောက်တော်မြို့နယ်၊ နန်းတက်ကျေးရွာပတ်ဝန်းကျင်သို့ အကြမ်းဖက် ဖက်ဆစ်စစ်တပ်မှ မနေက ညနေ ၃ နာရီကျော်ခန့်မှာ ဂျင်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား အမျိုးသမီး(၁) ဦးသေဆုံးပြီး နောက်ထပ် (၄) ဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။ "မနေ့က ညနေ ၃ နာရီ‌ကျော်လောက်ရှိမယ်ဗုံးလာကြဲတာ၊နှစ်ခါလာပစ်တယ်၊ဂျက်တိုက်ကနေပစ်တာ စိုက်ခင်းမှာလုပ်နေတဲ့သူတွေဆီ ဗုံးစထိသွားတယ်၊ မိန်းကလေးတစ်ဦးသေတယ်၊နောက်ထပ် လေးဦးဒဏ်ရာရသွားပါတယ်"ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ (၁၁) ရက်နေ့ကလည်း ကျောက်တော်မြို့ပေါ်ရှိ ရပ်ကွက်တချို့ကို အကြမ်းဖက် စစ်ကောင်စီတပ် က ဂျက်ဖိုက်တာဖြင့် သုံးကြိမ်တိုင်တိုင် ဗုံးအရေအတွက် (၁၅) လုံးခန့်ကြဲချခဲ့သည်။ အဆိုပါ ဗုံးကြဲ ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်အတွင်း အပြစ်မဲ့ ဈေးရောင်း၊ ဈေးဝယ်၊ လမ်းသွားလမ်းလာ အရပ်သားပြည်သူတချို့ သေ ဆုံး၊ ဒဏ်ရာရမှုများရှိခဲ့ပြီး ဈေးဆိုင်တန်း၊ နေအိမ်အဆောက်အအုံများ ထိခိုက်ပျက်စီးမှုများလည်း ရှိခဲ့ပါသည်။ ဓာတ်ပုံ - အကြမ်းဖက်စစ်ကောင်စီ၏ ဂျက်ဖိုက်တာပုံ One Nation News သတင်းဌာနသည် အာရက္ခမီဒီယာ၏ မိတ်ဖက်သတင်းဌာန တစ်ခုဖြစ်သည်။
Tweet media one
0
3
5
@AKMediaLiveNew1
ARAKKHA MEDIA
3 days
ကျောက်ဖြူမြို့တွင် အကြမ်းဖက် စစ်ကောင်စီ သေနတ်နှင့် ပစ်သတ်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ AK၊ ဖေဖော်ဝါရီ ၁၀၊ ၂၀၂၅ အာရက္ခပြည်၊ ကျောက်ဖြူမြို့နယ်မှာ ဖေဖော်ဝါရီ ၉ ရက်နေ့၊ နံနက်ပိုင်းက အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီတပ်ကနေ သေနတ်နှင့် ပစ်ခတ်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၁ ဦးသေဆုံးပြီး၊ ၂ ဦး ထိခိုက်ဒဏ်ရာရသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။ သေဆုံးသွားသူမှာ ကျောက်ဖြူမြို့နယ်၊ သစ်ပုတ်တောင်တိုက်နယ်၊ စိုင်ခြုံရွာက ဦးအောင်သန်း(၅၄ နှစ်)ဖြစ်ပြီး ဒဏ်ရာရသွားသူနှစ်ဦးကတော့ ဦးသန်းမြင့်(၅၆ နှစ်)နှင့် ဒေါ်မကြူ (၅၀ နှစ်)တို့ ဖြစ်ကြသည်။ ယမန်နေ့က မနက် ၆ နာရီခွဲအချိန်လောက်မှာ ကျောက်ဖြူမြို့နယ်၊ ရှောက်ချောင်းရွာအနီး ကင်းပုန်းဝပ်နေသည့် အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ရွာသားတစ်ဦးက အတည်ပြု ပြောဆိုသည်။ အဆိုပါ ပစ်ခတ်မှုကြောင့် ဦးအောင်သန်းမှာ နေရာမှာပင် ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး ဦးသန်းမြင့်မှာလည်း ဒဏ်ရာပြင်းပြင်း ထန်ထန်ရသွားကြောင်းသိရပြီး စိုင်ခြုံရွာကနေ ရှောက်ချောင်းရွာဘက်သို့ ခြေကျင်ဈေးရောင်းသွားသည့် ဒေါ်မကြူလည်း အခင်းဖြစ်ပွားသည့် နေရာသို့ ဖြတ်သွားစဥ် ကျည်ဆံထိမှန် ဒဏ်ရာရသွားကြောင်း သိရရသည်။ အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီတပ်မှ ပစ်ခတ်မှုများကြောင့် သေဆုံးသွားသည့် ဦးအောင်သန်းရုပ်အလောင်းနှင့် ဒဏ်ရာရသွားကြသည့် ဦးသန်းမြင့်၊ ဒေါ်မကြူတို့ကို ဓညဝတီရေတပ်စခန်းဌာနချုပ်(ဓရစ)သို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။ Photo - CJ One Nation NewsAK-Media Liveᴀʀᴀᴋᴋʜᴀ ᴍᴇᴅɪᴀ
Tweet media one
1
9
37
@AKMediaLiveNew1
ARAKKHA MEDIA
4 days
မြေပုံမြို့နယ်အတွင်း ဆိုင်ကယ်ဦးထုပ် စစ်ဆေးနေမှု ကြမ်းတမ်းနေပြီး လိုအပ်သည်ထက် ပိုဒဏ်ပေးနေ အာရက္ခမီဒီယာ ၊ ဖေဖော်ဝါရီ ၈၊၂၀၂၅ မြေပုံမြို့နယ် အတွင်း ခရီးသွား ပြည်သူလူထုကို ယာဉ်အန္တရာယ် ကင်းစင်ရေးနှင့် လုံခြုံချောမွေ့စေဖို့ဆိုကာ ဖမ်းဆီးစစ်ဆေးမှုများ ၊ အပြစ်ပေးအရေးယူမှုများတွင် လိုအပ်သည်ထက်ပိုမို ကြမ်းတမ်းနေကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။ "ခရီးသွားပြည်သူတွေကို ဆိုင်ကယ်ဦးထုပ်မဆောင်းရင် ဖမ်းတယ်။ အကြိမ်ရေအများကြီး ထိုင်ထ လုပ်ခိုင်းတယ်။ ဒိုင်းထိုးခိုင်းတယ်။ လက်ရှိ ဆိုင်ကယ်ဦးထုပ်က ဝယ်မရဘူး။ ရှိရင်တောင် စျေးကြီးပါတယ်။ ဒဏ်ပေးတာက အတော်လေး ဆိုးနေပါတယ်။ ဒါကို အထက်လူကြီးတွေကြပ်မတ်ပေးဖို့လိုပါတယ်"ဟု မြေပုံမြို့ဒေသခံတစ်ဦးကပြောဆိုသည်။ အာရက္ခပြည်မှာ ကုန်းလမ်းသွားလာရေးတွင် ဆိုင်ကယ်ကို အဓိကအားဖြင့် အသုံးပြုနေခြင်းဖြစ်ပြီး ပြည်သူလူထုအပေါ် လျော့ပေါ့အပြစ်ပေးသင့်ကြောင်း ပြောဆိုလာကြသည်။ လက်ရှိ ရက္ခိုင်ဒေသတွင် ဆိုင်ကယ်ဦးထုပ်တစ်လုံးကို ၆၀၀၀၀ ကျော်ကျပ်အထိ စျေးနှုန်းများ အဆမတန်မြင့်တက်နေပြီး ရှားပါးနေကြောင်း သိရှိရသည်။ ဆိုင်ကယ်စီးလျှင် ဆိုင်ကယ်ဦးထုပ်ဆောင်းကြဖို့၊ ဆိုင်ကယ်တစ်စီးမှာ လူ ၂ ဦးထက်ပိုမစီးဖို့၊ ဆိုင်ကယ်ကို တစ်နာရီမှာ မြို့တွင်း ၂၀ ကီလိုမီတာနှင့် မြို့ပြင် ၆၀ ကီလို မီတာ ထက် ပိုမမောင်းကြဖို့၊ ညအချိန် ဆိုင်ကယ်စီးရင်လည်း မီးထွန်း စီးကြဖို့ကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အထူးကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး၊ စည်းကမ်းမလိုက်နာပါက သတိပေးချက်နှင့် အညီ ပြစ်ဒဏ်ပေးနေကြောင်း သိရှိရသည်။ ပုံစာ - အာရက္ခဒေသအတွင်း ပြည်သူ လူထုများ ယာဥ်တိုက်မှု မဖြစ်ပွားရအောင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာကြဖို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ဆောင်ရွက်နေသည်ကို တွေ့ရစဥ်။ (Arakan Princess Media) One Nation News သတင်းဌာနသည် အာရက္ခမီဒီယာ၏ မိတ်ဖက်သတင်းဌာန တခုဖြစ်သည်။
Tweet media one
5
10
70
@AKMediaLiveNew1
ARAKKHA MEDIA
4 days
စစ်တွေမြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းများကို လေးဖက်လေးတန်မှ လက်နက်ကြီးများဖြင့် အာရက္ခတပ်တော် ပစ်ခတ်တိုက်ခိုက် အာရက္ခမီဒီယာ ၊ ဖေဖော်ရီလ ၈၊ ၂၀၂၅ စစ်တွေမြို့ကို ဝိုင်းရံပိတ်ဆို့ထားသော အာရက္ခတပ်တော်မှ စစ်တွေမြို့ရှိ အကြမ်းဖက်စစ်ကောင်စီ စခန်းနေရာစုံအား လေးဖက်လေးတန်မှ လက်နက်ကြီးမျိုးစုံဖြင့် ယမန်နေ့ ဖေဖော်ရီ ၇ ရက် ညနေ ၁၁ နာရီမှစတင်ပြီး ယနေ့ မိုးထ ၅နာရီထိပစ်ခတ်တိုက်ခိုက်ကြောင်း သိရှိရသည်။ ယခင် အပြန်အလှန်ပစ်ခတ်မှုအချို့ရှိခဲ့သော်လည်း ဇန်နဝါရီလ နောက်ပိုင်း အာရက္ခတပ်တော်မှလက်နက်ကြီးတုန့်ပြန်ပစ်ခတ်မှုမရှိဘဲ အကြမ်းဖက်စစ်ကောင်စီဖက်က တဖက်သတ်ပစ်ခတ်နေခဲ့ရာမှ ယမန်နေ့ည ၁၁နာရီခန့်မှ ယနေ့နံနက်ပိုင်းအထိ အာရက္ခတပ်တော်မှ ပြင်းပြင်းထန်ထန် စတင်ပစ်ခတ်မှုရှိလာသောကြောင့် စစ်တွေမြို့ ထိုးစစ်စတင်တော့မည်ဟု ဒေသခံများက ခန့်မှန်းနေကြပါသည်။ အကြမ်းဖက်စစ်ကောင်စီသည် စစ်တွေမြို့တွင် အရပ်သားကျေးရွာအများစုကို နှင်ထုတ်ကာ ခံစစ်အခိုင်အမာ ပြုလုပ်ထားပြီး စစ်တွေအခြေစိုက်တပ်ရင်းများမှ ရသေ့တောင်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ပေါက်တောမြို့နယ်များသို့လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်နေခြင်း ဖြစ်သည်။ အာရက္ခတပ်တော်မှ မြို့ပေါင်း၁၅မြို့အထိ သိမ်းပိုက်ထားပြီး မာန်အောင်၊ကျောက်ဖြူအပါအဝင် စစ်တွေမြို့သုံးမြို့သာကျန်ရှိနေပြီး လက်ရှိ အကြမ်းဖက်စစ်ကောင်စီ အသက်သွေးကြော ကပစ စက်ရုံများရှိရာ မကွေးတိုင်း ပဲခူးတိုင်းနှင် ဧရာဝတီတိုင်းအစပ်အထိ အာရက္ခတပ်တော်နှင့် မဟာမိတ် ပူးပေါင်း တပ်များက ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။ ဓာတ်ပုံ - ဟောင်ဝှစ်ဇာ လက်နက်ကြီးနှင့်အတူတွေ့ရသော အာရ​က္ခစစ်သည်များ One Nation News သည် အာရက္ခမီဒီယာ၏ မိတ်ဖက်သတင်းဌာန တခုဖြစ်သည်။ အာရက္ခမီယာ
Tweet media one
8
17
201
@AKMediaLiveNew1
ARAKKHA MEDIA
17 days
အာရက္ခတပ်တော် AA က အာရက္ခပြည်နှင့် ဧရာဝတီ၊ ပဲခူးနှင့်မကွေးနယ်စပ်များရှိ စစ်ကောင်စီတပ်စခန်းများကို ဆက်လက်ထိုးစစ်ဆင်နေသည့် တိုက်ပွဲသတင်းများထုတ်ပြန် ထုတ်ပြန်ချက်အပြည့်အစုံမှာ---- အာရက္ခတပ်တော်၏ တိုက်ပွဲသတင်းများ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၇) ရက် အာရက္ခတပ်တော်သည် ရက္ခိုင်ရိုးမတောင်တန်းတစ်လျှောက်ရှိ ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီ၏ လက်ကျန်စခန်းများကို တစ်ခုပြီးတစ်ခု ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည့်နည်းတူ ရန်သူသည်လည်း ပဲခူးတိုင်းဖက်မှ မိမိတို့အား တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသောကြောင့် ပဲခူးတိုင်း-ရက္ခိုင် အစပ်နေရာများနှင့် ရက္ခိုင်ရိုးမတောင်တန်းထက်တွင် တိုက်ပွဲများမှာ နေ့တိုင်းဖြစ်ပွားလျက်ရှိသည်။ ရက္ခိုင်ပြည်၊ တောင်ကုတ်မြို့နယ်အတွင်း (တနည်းအားဖြင့်) ရက္ခိုင်ရိုးမတောင်တန်းထက်ရှိ ဖက်ဆစ် အကြမ်းဖက်စစ်ကောင်စီ၏ စခန်းတစ်ခုဖြစ်သော မိုးထိတောင်စခန်းအား မိမိတို့မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၁) ရက်၊ နံနက် (၆) နာရီ (၃၀) မိနစ်တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ ငါးရက်ခန့် အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၆) ရက်၊ နံနက် (၁၁) နာရီ (၁၀) မိနစ်အချိန်တွင် အဆိုပါရန်သူ့စခန်းအား အပြီးသတ် သိမ်းပိုက်နိုင်��ဲ့သည်။ ရန်သူ၏ စစ်အသုံးအဆောင်၊ လက်နက်ခဲယမ်း၊ အလောင်းအချို့ကို သိမ်းဆည်းရမိခဲ့သည်။ ထို့အပြင် ဧရာဝတီ-ရက္ခိုင်အစပ် (သို့) ဧရာဝတီတိုင်းအတွင်းရှိ အာရက္ခတပ်တော်မှ သိမ်းပိုက်ထားသော ပွိုင့် (၂၆၃) စခန်းအား ရန်သူသည် ယနေ့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၇) ရက်၊ နေ့လယ် (၁) နာရီ (၃၈) မိနစ်၌ လေကြောင်း၊ လက်နက်ကြီးပစ်ကူများနှင့်အတူ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသောကြောင့် တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။ အာရက္ခတပ်တော်သည် ပွိုင့် (၂၆၃) စခန်းအား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၆ ) ရက်နေ့၊ နေ့လယ် (၂) နာရီ (၂၈) မိနစ်အချိန်တွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၁ ) ရက်နေ့၊ ညနေ (၅) နာရီ (၅၀) မိနစ်အချိန်တွင် ပွိုင့် (၃၆၉) စခန်းကို သိမ်းပိုက်ရရှိခဲ့သည်။ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဂုတ်စီးရိုးကျေးရွာအနီး (အမ်း-ပဒါန်း ကားလမ်းမထက်) တွင် ယနေ့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၇) ရက်နေ့၌လည်း အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီ၏ တမခ (၉၉) လက်အောက်ခံ ခမရ (၄၁၉) ၊ (၁၄) တပ်ရင်းတို့ ပူးပေါင်းစစ်ကြောင်းနှင့် အာရက္ခတပ်တော်တို့သည် နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ မိမိတို့၏ တန်ပြန်ခုခံစစ်ကို မယှဉ်နိုင်သော ရန်သူသည် ဂုတ်စီးရိုးကျေးရွာဘက်သို့ ဆုတ်ခွာသွားခဲ့ရသည်။ ဆုတ်ခွာထွက်ပြေးသွားသော ရန်သူများအား လိုက်လံရှင်းလင်း တိုက်ခိုက်လျက်ရှိရာ ရန်သူ့အလောင်းနှင့် လက်နက်ခဲယမ်းအချို့ ကိုထပ်မံသိမ်းဆည်းရမိခဲ့သည်။ စစ်တွေမြို့အနီးပတ်ဝန်းကျင်၌ နှစ်ဖက် အပြန်အလှန် လက်နက်ကြီး၊ စနိုက်ပါ၊ ဒရုန်းပစ်ခတ်တိုက်ခိုက်မှုများမှာ နေ့တိုင်းရှိနေခဲ့သည်။ သတင်းနှင့်ပြန်ကြားရေး အာရက္ခတပ်တော်
Tweet media one
Tweet media two
Tweet media three
Tweet media four
2
18
197
@AKMediaLiveNew1
ARAKKHA MEDIA
17 days
ရခိုင်ရိုးမ ပဲခူးတိုင်နယ်စပ်မှ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်းတွေ နဲ့ ဓာတ်ပုံကို အာရက္ခတပ်တော်စစ်ဦးချုပ်ရဲ့ တွစ်တာ အကောင့် ကနေ ထုတ်ပြန် AK-01-27-2025 အာရက္ခတပ်တော် AA စစ်ဦးချုပ်ရဲ့ တွစ်တာအကောင့် ��နေ ဒေသကြီးမှ ကြိုဆိုပါ၏ ဆိုတဲ့ ဆိုင်းဘုတ် အနီးမှာ မိုးထိတောင်တိုက်ပွဲက သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်းတွေ နဲ့ ဒီဓာတ်ပုံကို ထုတ်ပြန်လာခြင်းဖြစ်ပါတယ်။ တောင်ကုတ်- ပြည်လမ်းပိုင်းပေါ်က တောင်ဗျူဟာကုန်းကို သိမ်းပိုက်ပြီး ရခိုင်ရိုးမကို AA က ထိမ်းချုပ်လိုက်ပြီဖြစ်ကြောင်း ဇန်နဝါရီ ၂၇ ရက်မှာ ဓာတ်ပုံတွေ ထွက်ပေါ်လာပါတယ်။ မိုးထိတောင်ဗျူဟာကုန်းကနေ ခုခံနေတဲ့ စစ်ကောင်စီတပ်တွေ အကျအရှုံးများပြီး ပဲခူးတိုင်း ညောင်ခြေထောက် မှာရှိတဲ့ တပ်စခန်းကို ကစဉ့်ကလျားထွက်ပြေးသွားတယ်လို့ သိရပါတယ်။ ဗိုလ်လ်ချုပ်ရဲ့ တွစ်တာအကောင့် မှာ ထုတ်ပြန်ချက်အရ ပဲခူးတိုင်းဒေသကြီးမှ ကြိုဆိုပါ၏ ဆိုတဲ့ ဆိုင်းဘုတ် အနီးမှာ မိုးထိတောင်တိုက်ပွဲက သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်းတွေ နဲ့ ဒရုန်းအပါအဝင် ခေတ်မှီလက်နက်တွေကို ရရှိထားတာဖြစ်ပါတယ်။ ဓာတ်ပုံ -သတင်း AK-Media Liveᴀʀᴀᴋᴋʜᴀ ᴍᴇᴅɪᴀ photo-Twanmratnaing
Tweet media one
Tweet media two
1
14
157
@AKMediaLiveNew1
ARAKKHA MEDIA
18 days
အာရက္ခပြည်အတွင်းမှာ တရားဥပဒေချိုးဖောက်ပြီးတော့ ကျူးလွန်တဲ့ပြစ်မှုဟူသမျှကို ကျွန်တော်တို့ နိုင်နိုင်နင်းနင်း တရားစီရင်နိုင်တယ် AK-01-26-2025 "ကျွန်တော်တို့ ULA/AA က ချမှတ်ထားတဲ့ စစ်သုံ့ပန်းဆိုင်ရာ စည်းမျည်းစည်းကမ်းတွေကိုလည်း အတိအကျ လိုက်နာကျင့်သုံးတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ဒါကြောင့်လည်းပဲ ထောင်ချီတဲ့စစ်သုံ့ပန်းတွေကို ဆေးဝါးကုသ ပေးပြီးတော့ ကျွန်တော်တို့ ကောင်းကောင်းမွန်မွန် ကျွေးမွေးစောင့်ရှောက်ထားတာ ဖြစ်ပါတယ်။ တရားစီရင်ရေးစနစ်နဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့မှာ တရားဥပဒေတွေလည်းရှိတယ်၊ တရားရုံးတွေလည်းရှိတယ်၊ တရားစီရင်တဲ့လုပ်ထုံးလုပ်နည်းတွေလည်း ရှိပါတယ်၊ ဒါကြောင့် အာရက္ခပြည်အတွင်းမှာ တရားဥပဒေချိုးဖောက်ပြီးတော့ ကျူးလွန်တဲ့ပြစ်မှုဟူသမျှကို ကျွန်တော်တို့ နိုင်နိုင်နင်းနင်း တရားစီရင်နိုင်တယ်၊ တရားမျှတမှုရအောင်လည်း လုပ်ဆောင်ပေးနေပါတယ်။ ပြင်ပအကူအညီမလိုအပ်ပါဘူး" အာရက္ခတပ်တော် ပြောရေးဆိုခွင့် ရှိသူ ဦးခိုင်သုခမှ သတင်းထောက်များအား ဖြေကြားချက်။ #arakkhamedia #Myanmar #myanmarpolitical #defance
4
21
211
@AKMediaLiveNew1
ARAKKHA MEDIA
24 days
ဗုံးကြဲတိုက်ခိုက်မှုနှင့်ပတ်သက်၍ အာရက္ခတပ်တော် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခမှ သတင်းထောက်များအားဖြေကြားချက် AK-01-19-2025 အာရက္ခတပ်တော်မှ စစ်ပွဲများအတွင်း လက်ရဖမ်းဆီးထားသော စစ်သုံ့ပန်းများ၊ ၎င်းတို့၏ မိသားစုဝင်များထဲမှ မကြာမီပြန်လည်လွှတ်ပေးရန် စီစဉ်ထားသောသူများ ယာယီထိန်းသိမ်းထားရှိသည့် နေရာအား ရန်သူ့ဂျက်ဖိုက်တာ (၁) စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုနှင့်ပတ်သက်၍ အာရက္ခတပ်တော် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခမှ သတင်းထောက်များအားဖြေကြားချက်။ AK-Media Live @ᴀʀᴀᴋᴋʜᴀ ᴍᴇᴅɪᴀ #arakkhamedia #Myanmar
1
12
86
@AKMediaLiveNew1
ARAKKHA MEDIA
25 days
မောင်းရဖို့ လက်တကမ်း (အယ်ဒီတာ စကားဝိုင်း) AK-ဇန်နဝါရီ ၁၉ အာရက္ခပြည် နောက်ဆုံးတိုက်ပွဲမှာ အာရက္ခပြည်သားရို့ ထိန်းသိမ်းရဖို့အချက်အလက်များနန့် မိမိရို့ ပြောဆိုစကားကြောင်း အာရက္ခပြည်သူတိ အသက်အိုအိမ်တိ မထိခိုက်စီဖို့၊ စုစည်းညီညွတ်သော အာရက္ခပြည်သားတိဖြစ်အောင် စည်လုံးကြံဆောင်မူတိ အယင်ထက် ဆတိုးလုပ်ဆောင်ပီးဖို့လိုအပ်နီပုံတိနန့် တခြားအကြောင်းအရာ အကြံပြုချက်အပါအဝင် အာရက္ခမီဒီယာ အယ်ဒီတာ စကားဝိုင်းမှ ဆွေးနွေးတိုက်တွန်းချက်။ ᴀʀᴀᴋᴋʜᴀ ᴍᴇᴅɪᴀAK-Media Live #arakkhamedia #talkshow #Myanmar #todaymynmar
2
6
58
@AKMediaLiveNew1
ARAKKHA MEDIA
25 days
အိန္ဒိယသံအမတ်ကြီးနှင့်အဖွဲ့ကို စစ်တွေမြို့မှာ အကြမ်းဖက် စစ်ကောင်စီတပ်က လုပ်ကြံဖို့ကြိုးစား အာရက္ခမီဒီယာ ၊ ဇန်နဝါရီ ၁၉၊ ၂၀၂၅ မြန်မာနိုင်ငံလုံးဆိုင်ရာအိန္ဒိယသံအမတ်ကြီး AbhayThakurနှင့် အဖွဲ့ကို စစ်တွေမြို့မှာ အကြမ်းဖက် စစ်ကောင်စီတပ်က လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားခဲ့ကြောင်း သတင်းရရှိသည်။ အိန္ဒိယသံအမတ်ကြီးနှင့်အဖွဲ့သည် စစ်တွေမြို့ရှိကုလားတန်စီမံကိန်းသို့ လာရောက်ကြည့်ချိန်မှာ အကြမ်းဖက် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားခဲ့ကြောင်း သိရှိရသည်။ "ဇန်နဝါရီ ၁၆ ရက် နေ့မှာ အိန္ဒိယသံအမတ်ကြီးက ကုလားတန်စီမံကိန်းကို သွားရောက်ခဲ့တယ်။ ဆိပ်ကမ်းကိုရောက်ခဲ့အချိန်မှာ စစ်တပ်ထဲက လက်နက်ကြီးနဲ့ပစ်တာ။ ဆိပ်ကမ်းမှာ မကျပဲ စစ်တွေမြို့မစျေး ဆေးဆိုင်တန်းဖက်ကို ကျတယ်။ သူတို့က အိန္ဒိယသံအမတ်ကို အေအေကပစ်တယ်ဆိုပြီး ဂွင်ဆင်တာပါ ''ဟု စစ်ရေးလေ့လာသူတစ်ဦးက ပြောဆိုသည်။ လက်နက်ကြီးဖြင့် ပစ်ခတ်လုပ်ကြံမှု အောင်မြင်သွားလျှင် အာရက္ခတပ်တော်(AA)က အိန္ဒိယသံအမတ်နှင့်အဖွဲ့ကို လုပ်ကြံကြောင်း လွဲချပြီး အာရက္ခတပ်တော်နှင့် အိန္ဒိယဆက်ဆံရေးကို ပျက်ပြားစေရေးအတွက် ကြိုတင်ပြင်ဆင်စီစဥ်ထားခြင်းဖြစ်ကြောင်း အကြမ်းဖက် စစ်ကောင်စီတပ်စစ်အရာရှိကြီးတချို့က BNA ကို အတည်ပြုပြောဆိုထားကြသည်။ ကုလားတန်စီမံကိန်းလုပ်ငန်းများကို ပြန်လည်သုံးသပ်ဖို့အတွက် စစ်တွေမြို့ရှိကုလားတန်စီမံကိန်းဆိပ်ကမ်းသို့ ဇန်နဝါရီလ ၁၆ ရက်နေ့မှ၁၇ ရက်နေ့ထိ မြန်မာနိုင်ငံဆိုင် ရာအိန္ဒိယသံအမတ်ကြီး AbhayThakurနှင့် အတူ India Ports Global Ltd (IPGL)မှ မန်နေးဂျင်းဒါရိုက်တာမစ္စတာရှရီဆန်နေးလ်မူကန်ဒန် ၊အိန္ဒိယနိုင်ငံကောင်စစ်ဝန်ရုံးမှ သံရုံးအရာထမ်းများလည်း သွားရောက်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံရုံးက ထုတ်ပြန်သည်။ အဆိုပါ အိန္ဒိယသံအမတ်ကြီး၏ ခရီးစဥ်တွင် အကြမ်းဖက် စစ်ကောင်စ���ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်းလင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်ကျော်စွာဦးအပါအဝင် ပြည်နယ်အဆင့် တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။ ဓာတ်ပုံ - မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ်ကြီးနှင့်အဖွဲ့ကို ကုလားတန်ဆိပ်ကမ်းတွင် မြင်တွေ့ရပုံ / အိန္ဒိယသံရုံး @topfans AK-Media Live
Tweet media one
3
6
18
@AKMediaLiveNew1
ARAKKHA MEDIA
25 days
မောင်းရဖို့ လက်တကမ်း (အယ်ဒီတာ စကားဝိုင်း) AK-ဇန်နဝါရီ ၁၉ အာရက္ခပြည် နောက်ဆုံးတိုက်ပွဲမှာ အာရက္ခပြည်သားရို့ ထိန်းသိမ်းရဖို့အချက်အလက်များနန့် မိမိရို့ ပြောဆိုစကားကြောင်း အာရက္ခပြည်သူတိ အသက်အိုအိမ်တိ မထိခိုက်စီဖို့၊ စုစည်းညီညွတ်သော အာရက္ခပြည်သားတိဖြစ်အောင် စည်လုံးကြံဆောင်မူတိ အယင်ထက် ဆတိုးလုပ်ဆောင်ပီးဖို့လိုအပ်နီပုံတိနန့် တခြားအကြောင်းအရာ အကြံပြုချက်အပါအဝင် အာရက္ခမီဒီယာ အယ်ဒီတာ စကားဝိုင်းမှ ဆွေးနွေးတိုက်တွန်းချက်။ ᴀʀᴀᴋᴋʜᴀ ᴍᴇᴅɪᴀAK-Media Live #arakkhamedia #talkshow #Myanmar #todaymynmar
0
6
26
@AKMediaLiveNew1
ARAKKHA MEDIA
25 days
ဂွမြို့နယ်တွင် တောထဲမှ ဖခင်ယူဆောင်လာသည့် စစ်ကျန်လက်နက်ကိုဆေ့ာကစား၍ ကလေးငယ် ၁ ဦး သေဆုံး AK- ဇန်နဝါရီ ၁၉ ၊ ၂၀၂၅ ရက္ခိုင်ပြည် ၊ ဂွမြို့နယ် ၊ ကင်းပုံကျေးရွာတွင် တောထဲမှ ဖခင်ယူဆောင်လာသည့် စစ်ကျန်လက်နက်ကိုဆေ့ာကစားမူကြောင့် ပေါက်ကွဲမူဖြစ်ကာ ကလေးငယ် ၁ ဦး သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။ သေ​ဆုံးသွားသော ကလေးငယ်မှာ ကင်းပုံကျေးရွာမှ အသက် ၃ နှစ်အရွယ် ၊ မောင်ငြိမ်းချမ်းသော်ဖြစ်ကြောင်းသိရှိရသည်။ ယ​မန်နေ့ ၊ နံနက်ပိုင်းအချိန်တွင် တောထဲမှ​ ဖခင်ဖြစ်သူ ကောက်ယူလာသည့် စစ်ကျန်လက်နက်ကို ဆေ့ာကစားရင်း ပေါက်ကွဲမှုဖြစ်ကာ ​အသက် ၃ နှစ်အရွယ် မောင်ငြိမ်း​ချမ်းသော် သေဆုံးသွားခဲ့ရကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။ " မနေ့က ၊ မနက်ပိုင်းလောက်မှာပေါက်ကွဲမှုဖြစ်တာ။ အဲ့ဒီစစ်ကျန်လက်နက်က သေဆုံးသူရဲ့အဖေဖြစ်သူက တောထဲက ကောက်ယူလာတဲ့ပစ္စည်းပါ။ အဲ့လက်နက်နဲ့ ဆော့ကစားလို့ ပေါက်ကွဲပြီး ကလေးငယ်သေဆုံးသွားခဲ့တာ " ဟုဆိုသည်။ အဆိုပါကလေးငယ်သည် စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် ပြင်းထန်ဒဏ်ရာရှိကာ နီးစပ်ရာဆေးရုံသို့ ဆေးကုသမှုခံယူရန်သွားစဥ် လမ်းခုတ်လတ်တွင် သေဆုံးသွားခဲ့ရခြင်းဖြစ်သည်။ ရက္ခိုင်ပြည်တွင် အပြစ်မဲ့အရပ်သားပြည်သူများသည် မြေမြှုပ်မိုင်း နှင့် စစ်ကျန်လက်နက်များကြောင့် နေ့စဥ်နှင့်အမျှ အသက်သေဆုံးမှု၊ ကိုယ်လက်အင်္ဂါဆုံးရှုံးမှုများရှိနေသည်။ ထိုမိသားစုဝင်များမှာ အသက်ရှင် ဘဝရပ်တည်ရန်ပင် အခက်အခဲများဖြင့် ရင်ဆိုင်နေကြရသူများ ဖြစ်သည်။ @AB News AK-Media LiveOne Nation Newsᴀʀᴀᴋᴋʜᴀ ᴍᴇᴅɪᴀ
Tweet media one
0
1
14
@AKMediaLiveNew1
ARAKKHA MEDIA
25 days
အာရက္ခတပ်တော်ကို တိုက်ခိုက်မည်ဖြစ်ကြောင်း အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွအဖွဲ့ RSO ခေါင်းဆောင် ကိုကိုလင်းပြောဆို ၊ RSO အဖွဲ့သည့် အကြမ်းဖက်စစ်ကောင်စီနှင့်ပူးပေါင်းခဲ့ကြောင်း ICG အကြံပေးပြောဆို AK ၊ ဇန်နဝါရီ ၁၉၊ ၂၀၂၅ အာရက္ခတပ်တော်ကို တိုက်ခိုက်မည်ဖြစ်ကြောင်း အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွအဖွဲ့ RSO ခေါင်းဆောင် ကိုကိုလင်းက ယမန်နေ့ ဘီဘီစီသတင်းဌာနနှင့်အာတာဗျူးမှာ ပြောဆိုထားပြီး ၊ RSO အဖွဲ့သည် အကြမ်းဖက်စစ်ကောင်စီနှင့် ဘူးသီးတောင်-မောင်တောစစ်မျက်နာတွင် ပူးပေါင်းခဲ့ကြောင်း ICG အကြီးတန်း အကြံပေး ပြောဆိုထားသည်။ "ကျနော်တို့က အာရက္ခတပ်တော်ကို တိုက်ခိုက်သွားမှာပါ" အစ္စလာမ်မစ် ဘာသာရေး အစွန်းရောက် စစ်သွေးကြွအဖွဲ့ RSO ခေါင်းဆောင် ကိုကိုလင်းက ဘီဘီစီသတင်းဌာနနှင့် အင်တာဗျူးတွင် ပြောဆိုထားသည်။ ICG အကြီးတန်းအကြံပေးဖြစ်သူ သောမတ်စ်ကိန်းက "ဘင်္ဂလားဒေ့ချ် ဒုက္ခသည်စခန်းမှာ RSO ၊ ARSA ၊ ARA အစ္စလာမ် လက်နက်ကိုင်များသည် ဒုစရိုက်မှုများကို ပေါ်ပေါ်ထင်ထင်ကျူးလွန်နေကြပြီး အေအေကို အဓိကရန်သူအဖြစ် မှတ်ယူထားကြတယ်။ ဒီအဖွဲ့ဟာ ဘာသာရေးအခြေခံစကားလုံး "ဂျီဟတ်"ကို အသုံးပြုကာ လူထုစည်းရုန်းမှုတွေကို ဒုက္ခသည်စခန်းထဲမှာ လုပ်ဆောင်နေပါတယ်" ဟုပြောဆိုသည်။ အစ္စလာမ်မစ် ဘာသာရေး အစွန်းရောက် စစ်သွေးကြွအဖွဲ့ RSO ခေါင်းဆောင် ကိုကိုလင်းသည် ဘူးသီးတောင်-မောင်တောစစ်ဒေသတွင် အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းခဲ့သည်ကို ငြင်းဆိုသော်လည်း International Crisis Group (ICG) အကြီးတန်းအကြံပေး သောမတ်စ်ကိန်းက "RSOအနေနဲ့ စစ်ကောင်စီနဲ့ပူးပေါင်းခဲ့တယ်ဆိုတဲ့ သက်သေအထောက်အထားအများကြီး ရှိပါတယ်။ ဘင်္ဂလားဒေ့ချ် ဒုက္ခသည်စခန်းက လူငယ်တွေကို စစ်ကောင်စီထံသို့ ပို့ပေးခဲ့တယ်။ ဒါကို စစ်ဆင်ရေးထဲက ထွက်ပြေးလွတ်မြောက်လာတဲ့ လူငယ်တွေကိုယ်တိုင် ပြောပြတာပါ။ တခြားသက်သေတွေလည်း ရှိပါတယ်"ဟု ပြောဆိုသည်။ ဘူးသီးတောင်-မောင်တောဒေသတွင် အစ္စလာမ်မစ် ဘာသာရေး အစွန်းရောက် စစ်သွေးကြွအဖွဲ့များဖြစ်သည့် ARSA ၊ RSO ၊ ARA အဖွဲ့များသည် တိုင်းရင်းသား အရပ်သားများကို ပစ်မှတ်ထားကာ ခြုံခိုတိုက်ခိုက်သည့် အကြမ်းဖက်သတ်ဖြတ်မှုများ လုပ်ဆောင်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များအရ သိရှိရသည်။ ဓာတ်ပုံ - အစ္စလာမ်မစ် စစ်သွေးကြွ ကိုကိုလင်းနှင့် ICG အကြီးတန်းအကြံပေး သောမတ်စ်ကိန်း / BBC One Nation NewsAK-Media Live
Tweet media one
Tweet media two
10
24
97
@AKMediaLiveNew1
ARAKKHA MEDIA
1 month
ဂုဏ်သိက္ခာ ရှိရှိ လူသားဆန်စွာ နိုင်ငံရေး စကားပြောဖို့ ဖိတ်ခေါ်တာကို ဗုံးကြဲနေရင် နောက်ဆက်တွဲ--- AK-Talk Show ထုတ်နုတ်ချက်(၁) AK-Media Live ᴀʀᴀᴋᴋʜᴀ ᴍᴇᴅɪᴀ AK-Talk Show တင်ဆက်မူအပြည့်အစုံ။ #arakkhamedia #gochaylay #talkshow #Myanmar
0
1
11
@AKMediaLiveNew1
ARAKKHA MEDIA
1 month
ကျောက်တော်မြို့ ၏ လူနေထူထပ်သော နေရာများအား လေကြောင်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်မူအပေါ် အာရက္ခတပ်တော် ထုတ်ပြန် AK-ဇန်နဝါရီလ (၁၁) ရက် အာရက္ခပြည်၊ ကျောက်တော်မြို့၏ လူနေထူ ထပ်သော နေရာများဖြစ်ကြသည့် ရပ်ကွက် နှင့် ဈေးအ တွင်းသို့ အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်သည်ဟု အာရက္ခတပ်တော်၏ သတင်းနှင့်ပြန်ကြား ရေးက ထုတ်ပြန်လိုက်သည်။ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်နေ့တွင်အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီသည်ကျောက်တော်မြို့ပေါ်ရှိ ရပ်ကွက် နှင့် ဈေး အပါ အဝင် လူနေထူထပ်သည့် နေရာများကို အဓိကဦးတည်၍ ရည်ရွယ်ချက်ရှိရှိဖြင့် တမင် တကာ ဂျက်တိုက်လေယာဉ်များဖြင့် နံနက် (၉) နာရီခန့်တွင် တစ်ကြိမ်၊ (၉) နာရီ (၁၀) မိ နစ်ခန့်တွင် တစ်ကြိမ်၊ (၉) နာရီ (၁၅) မိနစ်ခန့်တွင် တစ်ကြိမ် သုံးကြိမ်တိုင်တိုင် လာရောက်ဗုံးကြဲတိုက် ခိုက်ခဲ့သည်။သုံးကြိမ်အတွင်း ဗုံးအရေ အတွက် (၁၅) လုံးခန့် ကို ကြဲချ၊ ပစ်ခတ်၊ တိုက်ခိုက်ခဲ့ပါ သည်။ အဆိုပါ ဗုံးကြဲ ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်အ တွင်း အပြစ်မဲ့ ဈေးရောင်း၊ ဈေးဝယ်၊ လမ်းသွားလမ်းလာ အရပ်သားပြည်သူတချို့ သေ ဆုံး၊ ဒဏ်ရာရမှုများရှိခဲ့ပြီး၊ ဈေးဆိုင်တန်း၊ နေ အိမ်အဆောက်အအုံများ ထိခိုက်ပျက်စီးမှုများလည်း ရှိခဲ့ပါသည်။ ထိခိုက်၊ သေဆုံး၊ ပျက်စီး ဆုံးရှုံးမှု အရေအတွက်များကို ဆက်လက်တင်ပေးသွားပါမည်ဟု ထုတ်ပြတ်ချက်တွင်ဖော်ပြထားပါသည်။ ဇန်နဝါရီလ၏ ဒုတိယပတ်အတွင်း ရခိုင်ပြည်၌ အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေးပစ်မှတ်မဟုတ်သည့် ပြည်သူလူထုအပေါ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သည့် စစ်ရာဇဝတ်မှုများ တိုးမြှင့်ကျူး လွန်လာနေကြောင်း တွေ့နေရပါ သည်။ Photo-AA Info Desk
Tweet media one
3
28
87
@AKMediaLiveNew1
ARAKKHA MEDIA
1 month
အကြမ်းဖက် စစ်ကောင်စီမှ ကျောက်တော်မြို့ကို လေကြောင်းဗုံကြဲပစ်ခတ်မှုကြောင့် ငါးဦးထက်မနည်းသေဆုံး AK ၊ ဇန်နဝါရီ ၁၁ အကြမ်းဖက် စစ်ကောင်စီမှ ကျောက်တော်မြို့ကို ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) နံနက် ၉ နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၅ ဦးထက်မနည်း သေဆုံးသွားခဲ့ကြောင်း သိရသည်။ အကြမ်းဖက် စစ်ကောင်စီ ကျောက်တော်မြို့ မြို့မဈေးကြီးနှင့် မြို့သစ်ရပ်ကွက်တို့ကို ဗုံး ၅ လုံးထက်မနည်း ကြဲချခဲ့ခြင်းကြောင့် အရပ်သား ၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၅ ဦးခန့်ရှိကြောင်းဒေသခံမှ ပြောသည်။ ဓာတ်ပုံ - FB AK-Media Liveᴀʀᴀᴋᴋʜᴀ ᴍᴇᴅɪᴀ
Tweet media one
Tweet media two
Tweet media three
3
28
71